Monday, December 31, 2007

ခရီးဖော်




အရင်ဆုံး...
ဟောဒီ ငါ့ ရင်ဘုံကြီး ကို
ဖရဲသီးခွဲသလို ခွဲ
နဲနဲ မြည်းကြည့်လှည့်...။


ငြိမ်းဇေဦး

ဝေဒနာအသွားနှစ်ဖက်




ရိုးရိုးပဲ
ရင်ထဲရှိ
တွေးမိ
ငေးကြည့်....။
ဆွေး

ဝေး
အေးစက်
သက်ပြင်း...။
ချစ်ခြင်းမှာတခါ

ဝေးခြင်းမှာတခါ
အစွန်းနှစ်ဖက်မှာတူသောအရာ....။

ငြိမ်းဇေဦး

နှစ်သစ်ည



နှစ်သစ်ကူးပြီဟဲ့..
တနှစ်လုံးစုထားတဲ့ ရာဝင်အိုးကြီးတွေထဲက
မျက်ရည်တွေရေခဲစိမ် ရှန်ပိန်ခွက်ထဲထည့်
ဘ၀ပိန်ပိန်တွေအပ်ချည်နဲ့သီလို့ 
ကောင်းကင်တင်လွှတ်ကြ
ဇွတ်ပဲ....
ငါး..လေး..သုံး..နှစ်..တစ်..
အာခြစ်ပြီးအော်လိုက်ကြဦးတော့.....။


ငြိမ်းဇေဦး

Sunday, December 30, 2007

အချစ်ဆုံး သို့မဟုတ် …










မထင်ခဲ့ဘူး …
အပြစ်လေးတခုလောက်များတွေ့မလားဆိုတဲ့
ရက်စက်မျက်လုံးတွေနဲ့ ငါ့နှလုံးသားကို ဖဲ့ဖဲ့ပြီး
ရှာသွားခဲ့ရက်မယ်ဆိုတာ….။

ကလေးရေ…
ခြောက်ပြစ်ကင်းချင်ပါတယ်ကွယ်
ဘ၀ဆိုတာကြိုသိနိုင်တဲ့မြေပုံတစ်ချပ်ဆိုခဲ့ရင်
မင်းအတွက်အဖြူစင်ဆုံး
မင်းအတွက် … အသန့်ရှင်းဆုံး
မင်းအတွက် …အတင့်တယ်ဆုံးဖြစ်စေချင်တာပေါ့်…။

တကယ်ဆို မင်းလေးကိုချစ်တဲ့အချစ်နဲ့
မင်းလေးကိုမြတ်နိုးတဲ့မေတ္တာနဲ့
သစ္စာဆိုတာ ကိုယ့် အသက်ရှုမှုတွေပါ…
ဘ၀မှာမင်းမှမင်း …
ခုတော့သက်ပြင်းတွေနဲ့ အဆိပ်တက်လို့
အိပ်ပျက်မှောင်မဲ အဲဒီငရဲတွင်းထဲမှာ
ကြောင်တောင်လဲမိုးလင်းခဲ့ရပေါ့်…။




ငြိမ်းဇေဦး