Sunday, December 30, 2007

အချစ်ဆုံး သို့မဟုတ် …










မထင်ခဲ့ဘူး …
အပြစ်လေးတခုလောက်များတွေ့မလားဆိုတဲ့
ရက်စက်မျက်လုံးတွေနဲ့ ငါ့နှလုံးသားကို ဖဲ့ဖဲ့ပြီး
ရှာသွားခဲ့ရက်မယ်ဆိုတာ….။

ကလေးရေ…
ခြောက်ပြစ်ကင်းချင်ပါတယ်ကွယ်
ဘ၀ဆိုတာကြိုသိနိုင်တဲ့မြေပုံတစ်ချပ်ဆိုခဲ့ရင်
မင်းအတွက်အဖြူစင်ဆုံး
မင်းအတွက် … အသန့်ရှင်းဆုံး
မင်းအတွက် …အတင့်တယ်ဆုံးဖြစ်စေချင်တာပေါ့်…။

တကယ်ဆို မင်းလေးကိုချစ်တဲ့အချစ်နဲ့
မင်းလေးကိုမြတ်နိုးတဲ့မေတ္တာနဲ့
သစ္စာဆိုတာ ကိုယ့် အသက်ရှုမှုတွေပါ…
ဘ၀မှာမင်းမှမင်း …
ခုတော့သက်ပြင်းတွေနဲ့ အဆိပ်တက်လို့
အိပ်ပျက်မှောင်မဲ အဲဒီငရဲတွင်းထဲမှာ
ကြောင်တောင်လဲမိုးလင်းခဲ့ရပေါ့်…။




ငြိမ်းဇေဦး