Wednesday, January 9, 2008

အပြစ်တို့၏ အရိပ်





အပြစ်တို့၏ အရိပ်

ကပိုကရို အမှန်တရားက
နုထွားကြီးပ …။

ဖြစ်ချေတော့ ဘူး…
ဘုရားဟာ
သူ့ ဟာသူပြန်ဖန်ဆင်းဖို့
အချိန်တောင်တော်တော်ကျော်နေခဲ့ပြီ
စိတ်တွေဆိုးပြီးအပြစ်တွေပေးနေရတာနဲ့ပဲ…။

လိင်အင်္ဂါ ရှိစရာမလိုဘူး
သန္ဓေဆောင်ဖို့ မလိုဘူး
ဘုစုခရုအားလုံးကို
ပြုံးပြုံးကြီးဖန်ဆင်း
သီချင်းတွေဆိုခိုင်း
မိန့် မိန့် ကြီးချီးကြူးခံနေလိုက်ပုံများ…
အက်ဒီဆင်ရဲ့ဖန်သား နီယွန်ချောင်းတွေ
ထောင်ထောင်မောင်းမောင်း
အတ္တတွေလည်ဇလုပ်ထိပြည့်နေတဲ့
လူသတ္တ၀ါတွေ တွားသွားသွားတဲ့အညစ်ပုံကြီးပေါ်
အရိပ်ကြီးထိုးလို့ ..ရောင်စုံအလင်းရိပ်ကြီးဖြစ်ရင်းနဲ့လေ…။

အပြစ်သားတွေအတွက် ယေရှုဟာ
ရင်သားအိအိတွေကြားမှာ
ခုထိကားစင်တင်ခံခဲ့ရ
ကျေကျေနပ်နပ်ကိုပေးဆပ်နေ ရဲ့
အဲဒီရွှေဆွဲကြိုးကြီးနဲ့တွဲလွဲပေါ့…..။

တကယ်တော့အမှန်တရားဟာ
နုထွားကြီးပ
ညနေရင်လျားနဲ့ တင်သားတွေတင်းလို့ 
သူ့ ခမျာ ခဏခဏ
သားမယား ပြုခံရ..။

ကျနော်ကတော့
မော့ငေးလေးပင်
တိမ်သားကောင်းကင်ရိပ်
စိတ်ကူးယဉ်ပုံဖော်ရင်း
သီချင်းတပုဒ်နဲ့ကျေးဇူးတင်လိုက်တယ်
တကယ်တော့ ချစ်တယ်ဆိုတာရဲ့အနက်ကို
အသက်နဲ့ကိုယ်မြဲရင်းသိခဲ့ရလို့ …
မိုးညို့ တဲ့ဆောင်း ညနေမှာ...။


ငြိမ်းဇေဦး
















2 comments:

  1. ရှယ်ဘဲ၊၊ဗမာပြည်ပြန်ပြီးစာရေးဆရာ၊ကဗျာဆရာ၊
    ဇာတ်ညွှန်းဆရာလုပ်စားရင်ပေါက်မှာ၊

    ReplyDelete
  2. သခင်ယေရှု က အခုထိ ကားစင်တင်ခံရတုန်းတဲ့လား။ ကဗျာလေးကောင်းတယ်ဗျာ။ အတွေးဆန်း အရေးဆန်းလို့ ။

    ReplyDelete