Tuesday, May 6, 2008


ထောင့်မှန်ဝိသေသတွေနဲ့
ညက ပါးစပ်ကြီးဖြဲလို့
ကမ္ဘာကြီးကို ပလုတ်ပလောင်းဆွဲသွင်း။

မဆန့် ရှာဘူးထင်ရဲ့
့သူ့ပါးစပ်ထဲ တ၀က်တပျက်
ထန်းလျက်လိုစုပ်စုန်းစုန်းမြုပ်။

သူက...
မကြာခင် ခါးမှန်းသိလို့
တခြားဖက်ကို လှည့်စုပ်ဦးမယ်
လုပ်ပုံက...။

ငြိမ်းဇေဦး

1 comment:

  1. ည ရယ်၊ ကမ္ဘာရယ်၊ လည်ပတ်နေတာ အဲဒါကြောင့်ပဲလား . . .
    ဘယ်ဘက်က ပိုခါးမှန်းမသိတော့ .. .

    ReplyDelete