Sunday, June 8, 2008

ခပ်တုံးတုံး


တချို့ မိန်းမတွေက

အသည်းကွဲရင် အသေ၀ါးတယ်။
တချို့မိန်းမတွေက

အသည်းကွဲရင် ဈေးထဲ ပတ်တယ်။
တချို့ မိန်းမတွေက

အသည်းကွဲရင် မာချဉ်ချဉ်နဲ့ ရွဲ့ တယ်။
တချို့မိန်းမတွေက

အသည်းကွဲရင် မရဲတရဲစာရေးတယ်။
တချို့မိန်းမတွေက

အသည်းကွဲရင် တရားပွဲသွားတယ်။
တချို့မိန်းမတွေက

အသည်းကွဲရင်
ကွဲတဲ့အသည်းဆွဲဖြုတ်လက်သုတ်ပုဝါလုပ်တယ်....။
ငါကတော့နှုတ်ခမ်းကိုသုတ်လို့....။


ငြိမ်းဇေဦး




2 comments:

  1. ခပ်တုံးတုံးဆိုတော့
    ခပ်ထက်ထက်လေးတွေက ဘိုမျိုးလေးလည်း ပြောပြဦး :P

    ReplyDelete
  2. ဟုတ်တယ် ဘကြီး နှင်းပွင့်မေးသလိုပဲ လုံမလည်းသိဘူးကောပဲဗျ ... ပြောပြပါဦး...:P

    ReplyDelete