Friday, July 4, 2008

မျိုးနဲ့ရိုးနဲ့ ညံ့ပုံက




နေဦး...
အလျင်လွန်ခေတ်ကြီးမှာ
စိတ်ကူးတွေကျွံကျွံကျနေရတာနဲ့
ခရီးက မတွင်............။

ဘာပဲပြောပြော
ဂျာအေး သူ့အမေရိုက်တာကလဲ
မပြီးနိုင် ...
ပလ္လင်ပေါ်ကမျောက်ကလဲ
မဆင်းနိုင်..........။

ဦးသူတော်က ငိုင်တွေတွေနဲ့
ပရိတ်ရေချည်း လှိမ့်ဖြန်းနေတာ
ကြာတော့ ဒင်းလဲ နေပူထဲမှာ
ဂန္ဓီလိုလို ဘာလိုလို..............။

အဲဒီအတောတွေနဲ့
မော မောပါ့ကွယ်
ကဲလေ..အားမငယ်ယုံ
ရှာကြံဂုဏ်ယူကြတာပေါ့
ဒို့က ဘ၀တက္ကသိုလ်ကျောင်းသား
လောကဓံ အကြောင်းတရားတွေနဲ့
ခေါင်းစား နေရသူပါလို့................။


ငြိမ်းဇေဦး

No comments:

Post a Comment