Sunday, July 6, 2008

မလိုအပ်သော ယဉ်ကျေးမှုအတုများ


လောက၀တ်တွေ ထူပျောလိုက်တာ
စားဝတ်နေရေးခက်ခဲတဲ့ ဒီခေတ်ကြီးထဲမှာ
အလှူအိမ် တံခါးဝက ဖိနပ်အဟောင်းတွေလိုပါပဲလား။

ယဉ်ကျေးဟန်ဆောင်မှု လက်လေးသစ်နဲ့
လိုအပ်တာထက်ပို ညစ်ပေနေတဲ့လူတွေ
လောက ကို အသရေဖျက်နေလိုက်တာ
ရွံလွန်းလို့ ထွီကနဲ ထွီ ကနဲ ထွေးလိုက်ရတာ
ပက်ကျိကတောင် တံတွေးကုန်သွားသတဲ့....။

ငြိမ်းဇေဦး


rest of my post

1 comment:

  1. မလိုအပ်ပဲလျှောက်လုပ်နေရတဲ့လူ့ယဉ်ကျေးမှုတွေကိုစိတ်
    ကုန်နေတာကြာပြီ။ဒီကဗျာလေးကိုကြိုက်တယ်
    :D

    ReplyDelete