Wednesday, July 30, 2008

အနှစ်နှစ်ဆယ် ကမ်းပါးထိပ်က အလွမ်းရိပ် ပြိုလဲမှု

ဆဲဖြစ် ...
ဆိုဖြစ် ...
ငိုဖြစ် ....
အာသာတွေဖြေဖျောက်ဖြစ်...
အချိန်ဖြုန်းဖြစ်..
ဘ၀ကို မန်ကျည်းစေ့လို လှော်ပစ်ခဲ့မိတယ်။

ကြိုက်တတ်ရင် ယူ ၀ါး
စိတ်ချ သွားမကျိုးစေရဘူး
ဆီးမချုပ်စေရဘူး...။

သံယောဇဉ်တိုးလို့ ခိုးရှိုက်တဲ့ ပင့်သက်မှာ
သေချာပြန်ကြည့်..
သေချာပစေလေ...
အရမ်းကို သေချာပစေ...

ငါ့ကို ၀ိဥာဉ် ထဲမှာ ထုတ်ပိုးယူမသွားဖို့
ငါ့ကို မသိချင်တဲ့အခါ ဆံပင်ဖြူ တစ်ချောင်းလို နှုတ်မပစ်ဖို့
ငါ့ကို ပကတိခင်တဲ့အခါ သံယောဇဉ် ဇာပုဝါနဲ့လွှား လို့ နောက်ကျောဓါးနဲ့မထိုးဖို့...

ကိစ္စတော့မရှိပါဘူး အရာရာ က အနိစ္စပဲလေ....
သိနေရင်ပိုကောင်းမယ်ထင်လို့
နောက်တော့ မမုန်းလောက်ဘူးထင်လို့ 
တုံးခေါက်သတိပေးထားတာပါ....။

ငါကလေ
သူများနဲ့မတူတဲ့ နက္ခတ်အ၀င်အထွက်မှာ
တခါတခါရှင်ရက်စရာမရှိတဲ့ နာကျင်မှုတွေနဲ့
ဝါ၀င်ရင် ဥပုဒ်စောင့်ချင်စောင့်တတ်တာ..အဲဒါသိရဲ့လား...
ည ခုနစ်နာရီကျော်ရင် ဘီယာသောက်ချင်သောက်တယ်
နားလည်ပေးနိုင်မှုတွေကို အပေါင်ထားပြီး
ဒါကိုလဲအပြစ်ကြီး တစ်ခုလိုမမြင်ပါနဲ့
ပြောပြလှည့်မယ် နားထောင်နော်.........။


ငါ့ကိုယ်ငါ...
အရာရာ ငါ့ကြောင့် ငါ့ကြောင့် ဆိုတဲ့စွဲချက်နဲ့
ဘာတွေကို ၀မ်းနည်းမှန်းမသိတဲ့အခါ
ဘာတွေကို ခွင့်လွှတ်ရမှန်းမသိတဲ့အခါ
ဘာတွေကို အပြစ်တင်ရမှန်းမသိတဲ့အခါ
ဆောင့်ကြောင့်ထိုင်ပြီး ကလေးလိုငိုမိပါရဲ့....။

ညက ခဏအိပ်မက်တယ်
ငါရယ်..
ငါ့အမေရယ်...
ငါ့အဖေရယ်..
ငါ့ညီလေး..ညီမလေးတွေရယ်နဲ့
တကယ့်ခဏလေးကွာ....
တကယ့် ခဏလေးဆိုတာ
ငါကြိုမသိခဲ့လို့ပါ
အဲသလိုအိပ်မက်မယ်မှန်းသိခဲ့ရင်
အိပ်ဆေးအလုံး တစ်ရာ သောက်
တောက်လျှောက် အိပ်ပစ်လိုက်မိမှာ.....။

ဒီည....
ကြယ်ရောင်တွေ လှပါစေသား ........။


ငြိမ်းဇေဦး

No comments:

Post a Comment