Thursday, July 31, 2008

ကလေးတယောက်လို တမ်းတ


ရှမ်းပြည်ကိုချစ်တယ်...
ခရီးထွက်ချင်တဲ့တောင်တန်းတွေကို ချစ်တယ်...
ပဲပုတ် ကြမ်းနဲ့ ရှမ်းဆန်ကိုချစ်တယ်....
တို့ ဟူးနွေးကိုချစ်တယ်....
မီးလင်းဖိုဘေးက အခါးရေကြမ်း နဲ့ ညတွေကိုချစ်တယ်...။

သိပ်အေးတဲ့ဆောင်းမှာ ဂွမ်းကပ်စောင်ထဲက ညကိုချစ်တယ်...
အားလုံးထက်ပိုပြီး မွန်းဆန်ဟွန် ကိုချစ်တယ်...
ရှမ်းပြည်ရယ်
ယမ်းတွေဝေတုန်းလားကွယ်
မွန်းရယ်.. လွမ်းတယ်
တောင်တန်းတွေတောင် ညိုမှောင်လို့ 
ငိုအောင် ပြုစားတဲ့ ညတွေကိုချစ်တယ်
ချစ်တယ်..

ချစ်တယ်...
ချစ်တယ် ကွယ်...................။

ငြိမ်းဇေဦး

3 comments:

  1. အဖိုးကလည်း အဖွားကိုချစ်တယ်
    အဖေကလည်း အမေ့ကိုချစ်တယ် ပြောမှာပဲ
ဲငြိမ်းဇေဦးကလည်း ရှမ်းပြည်ကို ပြောပါကွယ် ချစ်တယ်

    ReplyDelete
  2. အကောင့်မှား ၀င်လိုက်လို့ အဲဒါ ပင့်ဂိုလ်းနော် ဟီး

    ReplyDelete
  3. မွန်းဆွန်ဟွန် လေးက အရမ်းချောမှာပဲနော်

    ReplyDelete