Monday, July 14, 2008

မသွေ့ သေးသော အငွေ့များ၏ အသံကိုနားထောင်ခြင်း

ငယ်ငယ်တုန်းက
ကလေးပဲ ။

ကလေးဆိုတော့
ကလေးလိုပဲ အထင်ကြီးလဲခံချင်
အသိအမှတ်ပြုလဲခံချင်
မပြည့်တဲ့အိုးရဲ့ ဘောင်ဘင်ခတ်မှုတွေနဲ့...။

စကားလုံး လှည်းဘီးလောက်ကြီးတွေ
ပါးစပ်က လှိမ့် လှိမ့်ထွက်လာလိုက်တာ
မသက်မသာ....။

နည်းနည်းလေးလဲ ဆရာလုပ်လိုက်ရမှ
သိသမျှနည်းနည်းကိုလဲ
သည်းသည်းမည်းမည်းကြွားလိုက်ရမှ
နေရထိုင်ရ အဆင်ပြေသဗျ...။

ငယ်ငယ်ကပေါ့လေ
ငယ်ငယ်ကပေါ့
ခုတော့ ဘောင်ဘင်ခတ်စရာမလိုတော့ပါဘူး
ဘာကြောင့်ဆို ..ပြည့်သွားလို့မဟုတ်ပါဘူးလေ
သွေ့သွားလို့ပါ.............။

ငြိမ်းဇေဦး

2 comments:

  1. တော်လိုက်တာဗျာ
    သည်ထက်ပိုကောင်းရင်တောင်
    သည့်ထက်ပိုမကောင်းတော့ပါဘူး

    ReplyDelete
  2. ကျနော်ကူးယူသွားပါတယ်ခင်မျာ…

    ReplyDelete