Sunday, July 6, 2008

ပိုကန်းတဲ့ကောင်

မျက်စိကန်းနေတဲ့ လူရှေ့
ဟေ့...မှောင်လိုက်တာလို့ ငြီးဖြစ်အောင်
အလိုက်ကမ်းဆိုးမသိတာ ....။

တဘ၀လုံးမှောင်နေတဲ့သူကတော့
မော့ ပြီး နားထောင်ရင်း သီချင်းတောင် ဆိုနေသေး။


ဆေးလိပ်လေးဖွာလို့ ခနကန်းကြည့်ပါ
နာရီတွေကို နားနဲ့မှတ်တတ်လာရင်
ခင်ဗျားဟာ တနေရာကိုတော့ရောက်နေပြီ
အပီအပြင်သာ လောကကိုနားထောင်တော့ ကိုယ့်လူ
အဲဒီအခါ ကြောင်ကို ခြူ ဆွဲ တတ်သူတွေကို
ကြည်ဖြူလာပါလိမ့်မယ်တဲ့.................။


ငြိမ်းဇေဦး

No comments:

Post a Comment