Monday, July 7, 2008

အရောင်မှိန်သဲသောင်

အရှိုက်ကိုထိုးရက်မှာလားကွယ်
စိတ်မပူပါနဲ့ ရင်ဘတ်ထဲ ထိထိမိမိထိအောင်
ရှိုက်သွင်းပေးလိုက်ပါ့မယ်..................။

အရှိုက်ကိုထိုးချလိုက်တုန်းက
ရှိသမျှအားနဲ့ တကယ်လဲ ရှိုက်သွင်းပေးခဲ့တာပေါ့........။

ဘာမှအာမခံချက် မရှိတဲ့
အင်မတန်ကျိန်းသေတဲ့
တိကျတဲ့
မြေကြီးလက်ခတ်မလွဲတဲ့
သေခြင်းတရားထက် ပို စိတ်ချရတဲ့ အာမခံချက်မရှိမှုတွေနဲ့
မြေစမ်းခရမ်းပျိုးခဲ့တာပါ
အလွမ်းမိုးတွေများ ကိုယ့်ဟာကိုယ် ရွာချမယ်ဆိုတာ
အပ်ဖျားလောက်မှမသိခဲ့တာပေါ့...။

ဒီဇင်ဘာ ၁၈ ရက်နေ့ကိုရောက်တိုင်း
ဘယ်လောက်ချမ်းချမ်း ဘယ်လောက်လွမ်းလွမ်း
တပါတ်နွမ်းသွားတဲ့ ရေခြားမြေခြားက
ကတ်ပြားလေးပေါ်က
ကပ်ပြားလေး အတွင်းထဲက
မှင်လေးတွေနဲ့ဖော်ထားတဲ့အဓိပ္ပါယ်လေးတွေက
အဲဒီလက်ရေးလေးတွေက
ဘာဆိုဘာမှမကျန်တဲ့
သဲတပွင့်စာမျှမကျန်တဲ့
ရေတစက်စာမျှ မကျန်တဲ့
ကြံကြံဖန်ဖန် မကျန်တာတွေတောင်မကျန်တဲ့
ကျန်ရစ်ကြီးကို ကိုယ့်ကိုယ်ကိုယ် ရန်ဖြစ်နည်း ပို့ ချနေရော့သလား.............။

ခုတော့ ပင်လယ်ရောက်တိုင်းကမာခွံ မကောက်ဖြစ်တော့ပါဘူး
ရူး မှာစိုးလို့............................။


ငြိမ်းဇေဦး



No comments:

Post a Comment