Friday, August 8, 2008

သံဝေဂ ခါးခါး





ကိုယ့်ကိုယ် ကိုယ် တူးဖော်ခဲ့ပြန်ပြီ
ချွေးတွေ...
သွေးတွေ....
မျက်ရည်တွေ...နစ်လို့
ငါ့ကိုယ်ငါစစ်ဆေးမှ ဖြစ်မယ်
နှစ်နှစ်ဆယ်လေ ...။

လား..လား......
ငါ့ချွေးတွေ မဟုတ်ဘူး
ငါ့သွေးတွေ မဟုတ်ဘူး
ငါ့မျက်ရည်တွေ မဟုတ်ဘူး
အချိန်ကျ တိုင်း နတ်ဆိုင်းနဲ့
အမယ်မင်း အမယ်မင်းဟင်းဟင်းလို့
ရင်ဘတ်စည်တီး ငိုကြီးချက်မ
ထထ က တာ က လွဲလို့ .........။

တော်ပေသေးရဲ့
သွေးအိုင်တွေ ချွေး တွေ မျက်ရည်တွေ နဲ့ခြေမဆေးခဲ့လို့
တချို့ သိသင့်ပြီ..................။


ငြိမ်းဇေဦး

2 comments:

  1. တချို့ သိသင့်ပြီ..................။

    :)

    ReplyDelete
  2. အရမ်းကောင်းတယ်ကိုငြိမ်းရာ....သွေးတွေကိုခုတုန်းလုပ်ပြီး...အပေါ်ယံပကာသနတွေကိုမွန်းမံနေတဲ့သူတွေရှက်သင့်တယ်။

    ReplyDelete