Monday, October 6, 2008

လမ်းခုလတ်


လာကရဲ့မျှတမှုကို

သံသယရှိခဲ့တာ

အဲဒီ မြမာလာဖိနပ်ကလေးပြတ်သွားကတည်းကပဲ။


ဒီလို အပျိုတွေကြားထဲရောက်မှ

သင်္ခါရ က
ထ.. ထ အစွမ်းပြ။

ချွေးဒီးဒီးကျလာတာများ
ဖြစ်သလို ဆောက်ထားတဲ့ ဆည်
ပထမဆုံး မိုးဥတုမှာ ခါးလည်က ကျိုးသလို
ဗြုန်းဆို ပြိုကျ။

ကံဇာတာဟာ ပုဆိုးအပြဲမှာ ချိတ်ထားတဲ့တွယ်ချိတ်လို
အရေးဆို အားကိုး ရသား။

အဲလိုနဲ့ လောကရဲ့မမျှတမှုကို
တွယ်ချိတ်နဲ့ ဖမ်းချိတ်ရင်း
ခြေသံပြင်းပြင်း နင်းထွက်ခဲ့တယ်
ပုဆိုးပြဲစကတော့ လေတိုးတိုင်း ဟ လို့..............။


ငြိမ်းဇေဦး

1 comment:

  1. အသုံးအနှုံးအသစ်အဆန်းကလေးတွေကို မှတ်သွားတယ်ဗျို့။ နောက်လိုရင် ယူသုံးခွင့်ပြုပါဗျာ .... :)

    ReplyDelete