Monday, October 6, 2008

နှာခေါင်းအစားထိုးကုသဖို့

“ဟားဟားဟားဟားဟား...
ဒုက္ခပါလား သုခရယ် ..”
ဗိုလ်အောင်ဒင်က
အဲသလိုရယ်ပြီးမှ
သူ့တပည့်သုခ ကို ပြောလိုက်တာ.........။

လိမ်မှ ဇိမ်ကျ
နွားပိန်မ ကြိမ်ပြသလို
တချို့မာတုဂါမတွေက
ငြိမ်ကျ

"ဟားဟားဟားဟားဟား....
ဒုက္ခပါလားသုခရယ်"
အဲသလိုရယ်ပြီးမှ
ထမိန်စ ဆောင့်နင်း
မောင့်သီချင်းကို နားဆင်ပါလို့
သနားကြင်နာဟန်နဲ့
အမှားပြင်တာအမှန်ကွယ့်
အဲ့သလို...အဲ့သလို.........။

ငြိမ်းဇေဦး

1 comment:

  1. ကိုငြိမ်းဇေဦးရေ ... အတွေးနက်နက် ကဗျာတွေဗျာ ....။ ကဗျာတွေလာဖတ်ရင်း အဓိပ္ပါယ်ဖော်နေရတာနဲ့ ကျနော်တောင် အတွေးနည်းနည်း ကောင်းလာသလိုပဲ :) သူတို့ နှာခေါင်းကိုတော့ အစားထိုးကုသဖို့ မလုပ်ပေးပါနဲ့၊ ရှိပါစေတော့ ... :)

    ReplyDelete