Wednesday, July 9, 2008

နေသားကျမှုများ

ခွဲခွာခြင်းကို
စခန်းသွင်းပြီး ကိုယ့်ဟာကိုယ်ကျင့်ခဲ့တာပါ။

လျှပ်စစ်မီးရောင်တွေကို ထောင်ဖမ်းခဲ့မိတဲ့
မျက်လုံးတွေကလဲ
အိုင်တွေ့တိုင်းခြေဆေးသွားတတ်တဲ့ ပသာဒတစ်တစ်ရစ်ရစ်တွေကြောင့်
ပွန်းပဲ့လွန်းလှပြီ။

ငါ့ဘ၀နဲ့ငါနေတာပါ
အိမ်က ထွက်တော့ အမေ ထုပ်ပိုးပေးလိုက်တဲ့
ငါးပါးသီလဟာလဲ အဲဒီအတိုင်းလေးပဲ
ခြေရာလက်ရာမပျက်။

ဘ၀ကိုလျှော်ဖွတ်မှဖြစ်တော့မယ်

အဲသလို ဆွဲချွတ်ချလိုက်တယ်
ညစ်ပေမှုအထပ်ထပ် နဲ့ နှလုံး ခုန်ရပ် မတတ်.......
ကြောက်လန့်မှုကတော့ မီးနေသည် သရဲခြောက်ခံရသလို
တ ကတည်း
ပေကပ်ကပ်နဲ့ ပြန်ဝတ်လိုက်ရတာပေါ့........။


ငြိမ်းဇေဦး