Friday, August 1, 2008

အက်ဆစ်နှင့် ကျင်ငယ်


သူဟာ ဓါတ်ပြားသီချင်းတွေကို နားထောင်တယ်
ပိုလီယိုဖြစ်နေတဲ့ လူငယ်တယောက်လို လည်ပင်းကို လှုပ်တယ်

သူ့ ဖင်အောက် ပြုတ်ကျလု မတတ်
ဂျင်းဘောင်ဘီ စကောစက ကို ဆွဲဆွဲတင်တယ်

လျှာ ထိုး ဦးထုတ်ကို ပြောင်းပြန်ဆောင်းတယ်
သူ့လက်နှစ်ဘက်ကို ချိုင်းကြား အနာပေါက်နေတဲ့ ဝေဒနာသည်လို
မလိုအပ်ပဲ ချဲ့ကားရင်း မျက်လုံးကြီးပြူးလာလိုက်
ခြေတဖက်ကို နောက်ဆုတ်လိုက် ရှေ့ ပြန်တိုးလိုက်လုပ်နေတယ်။

သူဟာ သူ့ကိုယ်သူ တော်လှန်သူလို့ တံဆိပ်ကပ်တယ်
ဘယ်တိုက်ပွဲမှာ မှ မပါဘူးတဲ့သူဟာ
လူထူပြီဆို လူစွာ ထထ လုပ်တတ်တယ်..။

သူဟာ တကယ်တော့ ငါဟဲ့နဂါးဆိုပြီး
မြေသားတွေကို ကျစ်ကျစ်စားတတ်တဲ့ တီကောင် တကောင်ဖြစ်တယ်
ဒါ့အပြင် ကျင်ငယ်ရေ အိုင်လည်းဖြစ်တယ်..
ဒီအကောင်အတွက် စာဖွဲ့ဖို့ မလိုအပ်ပါဘူး ။

အက်ဆစ်ရဲ့ကြီးမြတ်ခြင်းအကြောင်း
ကောင်းကောင်း ပြောပြချင်လို့
တကယ့် လူကြောက်တကောင် အကြောင်း က စခဲ့ရတာပေါ့...။

ဟေ့..............
အက်ဆစ်ဟာ တီကောင်ကိုလဲ ရှိတ်ကနဲ ပျက်သုံးစေတယ်..
နဂါးဆိုလဲ စကားအပိုမပြောဘူး လူးသွားမယ်
ရူးသွားမယ် တကယ်ပဲ....။

ဒီမယ်...ဒီမယ်လေ...
အက်ဆစ်ဟာ အက်ဆစ် ဖြစ်နေသမျှ
အသည်းမငယ်တဲ့သဘာဝနဲ့ ဓါတု ဖြစ်စဉ်
အရသာချဉ်ကောင်းချဉ်မယ် အဲဒါကို က အက်ဆစ်ပဲ ...........။

ငြိမ်းဇေဦး

သူခိုး

ရောက်ဖြစ်တယ်
စကားတွေ မချန်ဖြစ်ခဲ့ဘူး

ကိုယ့်ပဲ့တင်သံတွေ ကျိုးကြေကျန်ခဲ့မှာစိုးလို့
တိတ်တိတ်လေး ငေးလို့ ပြန်လှည့်တိုင်းလေးခဲ့ရတယ်...။

ဘ၀ထဲ ...
နှလုံးသားထဲ
စိတ်ကူးထဲ
အသည်း ထဲ...
ဝိဥာဉ်ထဲကို မင်းအရိပ်တွေ ခိုးပြီး မဆန့် မပြဲ သွပ်သွပ်လာခဲ့ရလို့ပါ

အဲဒီမှာတင် တမိုးအောက်
သူခိုးတယောက် တိုးခဲ့တာပေါ့ လုံမရယ်...။

ငြိမ်းဇေဦး