Monday, March 30, 2009

လျှော့ကြိုး

သံစဉ်တွေ မဖြစ်လာတော့ဘူး
ဟောင်းနွမ်း ဂစ်တာကြိုးတစ်ချောင်းလိုလည်း
ထောင်းကနဲ ပြတ်သွားစရာ မလိုတော့ဘူး.....။

သွေးအေးသတ္တ၀ါတွေဖြစ်ဖြစ်သွား
တွားသွားသတ္တ၀ါတွေဖြစ်ဖြစ်လာ
အမှောင်ဆုံးတွင်းတွေထဲဝင်ဝင်အောင်း
အသေချာဆုံး သားကောင်တွေကို မြိုမြိုချ
တ၀အိပ် တ၀မြို လိုအပ်ရင်အရေခွံပြောင်း
ဘ၀အဟောင်းကြီးထဲက
အသွင်ပြောင်းလျှော့ကြိုးတွေလေ
ခွေနေလိုက်ကြတာ..............
သေသွားတဲ့အိပ်မက်တွေမျောနေတဲ့ 
မျှော်လင့်ခြင်းမြစ် ရဲ့ ကမ်းပါးမှာ
ဟိုတုန်းကတော့ ဂစ်တာကြိုးတွေပါလို့
တခါတခါ... ထ...ထ...
တွန်သံကပေးသေး.........။


ငြိမ်းဇေဦး

1 comment:

  1. အစ်ကိုပြောတာ သဘောကျတယ်..
    လျော့ကြိုးတွေ ဖြစ်နေမှတော့
    ဟိုတုန်းက ဂစ်တာကြိုးတွေပါလို့ ပြန်မပြောချင်တော့ပါဘူး။

    ReplyDelete