Tuesday, June 2, 2009

ချောတိုင်



အဲဒီ ည ကလပ်မှာ
ပြိုင်ဖက်ရှိလို့ 
တိုင်ဖက်မိကြသူတွေ မပါဘူး။

ညစာကို
ဘ၀အနာနဲ့လဲနေကြရတာ
လာပါအကို ....
အကို့ မယားမသိအောင်
နို့ကြားအထိ အဲဒီ ငွေစက္ကူလိပ်တွေထည့်လှည့်ပါ။

ပစ်မှားခြင်းဈေးကွက်တစ်ခုကို
လူ့ ယဉ်ကျေးမှုက
အခိုင်အမာထူထောင်ခဲ့ပြီးပြီ ....

လာပါ.... ဒီမှာ လိုသလိုပစ်မှား
ချစ်သွားမှာလဲမကြောက်နဲ့
ပစ်သွားမှာလဲမကြောက်နဲ့ .........။

တက်ကနို တီးလုံးတွေနဲ့
ခရီးအဆုံးထိ လိုက်မှ
မသကာ ညသုံးနာရီပေါ့.....။

ဘီယာတွေ မအီမသာစုပ်မနေနဲ့
ဒီမှာ နိုင်ကွက်မရှိလို့
တိုင်ဖက်မိသူတွေ ရှိတယ်အကို
လိုသလိုသုံး
တညလုံးမှ နှစ်ပြားတပဲ
စကားလဲမရှုပ် အမှားလဲမလုပ်
သဘောလဲ မယိုင်
ကျမတို့ က ချောတိုင်ပါအကို..........။



တကတည်း....
တိုင်ဖက်နေရတဲ့ ချောတိုင်တွေမှာ
ချောတိုင်တက်သူတွေတိုးဝှေ့ လို့
ချောတိုင်တွေဟာ ချောတိုင်အတက်ခံရင်း
ချောတိုင်တွေ လျှောလျှောကျ ရ တဲ့
ချောတိုင်တက်ပွဲတွေ
လျှောလျှောရှူရှူ စည်ကားလွန်းလှသပေါ့..........။


ငြိမ်းဇေဦး

3 comments:

  1. -စကားလုံးတွေ ကြွေတယ်ဗျာ
    -အတွေးအားတွေ ကြွေတယ်ဗျာ
    -အကုန်ခြုံပြောရရင်ဗျာ ဒီထဲက ကဗျာတွေနဲ့ စာစုတွေ အားလုံး ဖတ်ပြီးလိုက်တိုင်း ဖတ်လိုက်မိတိုင်း စိတ်အတွေးထဲ လန်းလန်းသွားတယ်ဗျာ
    -တခါတခါ စာရေးသူ ဘာဆိုလိုချင်တယ် ဘာပြောချင်တယ် စတာတွေကို တူချင်တူ မတူချင်နေ ..ကိုယ့်ဘာကိုယ် စဉ်းစားတွေးတော ကိုယ့်ဖီးလ်နဲ့ကိုယ် လိုက်ခံစားရတာကိုက အရသာဗျ။

    Enjoy ! - (ကို)ငြိမ်းဇေဦး

    ReplyDelete
  2. ဖတ်ရင်း ဖတ်ရင်း...
    ချောတိုင်လေးတွေ မြင်သွားမိတယ်

    ReplyDelete
  3. ကွက်ကွက်ကွင်းကွင်း အတော်ရေးတတ်တဲ့လူပဲ။ :)

    ReplyDelete