Monday, November 2, 2009

ကြွက်ကြော် ချင်ခြင်း

ထန်းရည်မူးတော့ကျွဲခိုးပေါ်
ကမ္ဘာကြီး နှစ်ထောင့်တစ်ဆယ့်နှစ်မှာပျက်ခဲ့သော်...
မဆီမဆိုင် ထမိန် မနိုင် .......

သူ့ မေကလွှား... အားအားယားယား
ပွားပဲ ပွားနိုင်လွန်းကြ ......။


ဥပုဒ်သည်တွေ အတင်းပြောတဲ့အနား
ကြွက်ကြော်ဝါးရင်း ထန်းရည် မူး တာ
ပြဿနာတော့သိပ်မဟုတ်လှပါဘူး ။

သူတို့ကတော့
နေ့ တဓူဝ အသေးအဖွဲတွေနဲ့
ဖောင်ဖွဲ့ပြီး မျှောနေကြတာပေါ့ ။

ကျုပ်ကတော့
ဒီလို ဆောင်း ဦးဆို
ထန်းရည်ချို တကျည်တောက်
ငရုတ်သီးခြောက် နိုင်နိုင်
ကြက်သွန်ဥကြီး နိုင် နိုင်
ဆီနိုင်နိုင် ရှောက်ရွက်နိုင်နိုင်နဲ့

ပဲကြီးလှော်သုတ် တဇွန်းဝါးလိုက်
ဝါးခွက် မြှောက်ပြီး တကျိုက် မျိုလိုက်
ကြွက်ကြော် ကိုက်လိုက်
နှမ်းဖတ်ချဉ်သုတ် ကလေး မြုံ့ လိုက်
ဆေးပေါ့လိပ်လေး တဖွာဆွဲလိုက်
အဲသလို...
အင်မတိအင်မတန်နှစ်ခြိုက်ဖွယ် မနက်ခင်းတွေ
ခပ်ထွေထွေ ပြန်လိုချင်သေးတာ...............။

ကိုယ့်အထာနဲ့ကိုယ်ပါ
ဒီလို သာမန် ထန်းရည်သမား
မူးများမူးလို့ကတော့ ...
တွံတေးသိန်းတန်ကိုယ်တိုင် လော်စပီကာတက်ဖြုတ်ချင်စိတ်
ကြိတ်မနိုင်ခဲမရ
အတုံးလိုက်အတစ်လိုက်ဖြစ်သွားရစေမယ့်ကောင်
အဲဒီလိုဟောင်ဗွာလဗွာနဲ့ ထွေးညိုကိုလဲ
လွမ်းချင်သေးတာ...။

ခုတော့ ထန်းရည်သမား ရှားသွားလို့လား
ကြွက်က ပဲ ပေါလွန်းသလား မသိ
သတင်းတွေကြည့်လိုက်တိုင်း ကြွက်လှိုင်းကြီးတွေ လယ်ဖျက်သတဲ့.....

အမှန်က ကြွက်သမိုင်း ကို မျက်ခြေပြတ်နေကြတာပါ
ဒီကြွက်တွေ ပြည်ဖျက်နေတာ ကြာလှပေါ့............။


ငြိမ်းဇေဦး

7 comments:

  1. ကောင်းပါပေ့ဗျာ ပြောတတ်လိုက်တာလွန်ရော

    ReplyDelete
  2. ဟုတ်တယ်ဗျာ အ၇မ်းကြိုက်တယ် ကိုငြိမ်းဇေဦးရေ အရင်ကတော့ ခင်ဗျားဆိုဒ်ကလေးကို ဒီအတိုင်းဝင်ဝင်ဖတ်တယ် ခုတော့ ဘလော့ခ်လေးတခုလုပ်ထားတယ် ၀င်လို့နဲ့နဲ့ ပိုလွယ်သွားပြီဗျိုး

    ReplyDelete
  3. ဟုတ်ပါ့ဗျာ၊ ပြည်ဖျက်တဲ့ကြွက်တွေသောင်းကျန်းတာကြာလှပေါ့။

    ReplyDelete
  4. မောင်ငြိမ်း ၊ ဘယ်လိုမှ အဆက်အသွယ်မရလို့ ဘလော့ကို လိုက်လာတယ် ။ ဘာဖြစ်နေတုန်း ဟ။ အဆက်အသွယ်လုပ်ပါအုံး ။ ကိုယ်က သေများသွားပြီလားလို့ ..


    မင်းဒင်

    ReplyDelete
  5. မသေသေးဘူး ဦးလေး ကို မင်းဒင်ရေ ။
    အပုတို့ လုံမတို့တွေ နဲ့ ဝေးရာမှာ မန်ကျည်းစေ့လှော်ဝါးရင်း ဒွေးလေးတို့ ရွာ အနောက်က ထန်းတောကို လက်ကုန်လွမ်းစိတ်ပေါ်လာလို့ တယောက်ထဲ တေမိလုပ်နေတာ ။

    ReplyDelete
  6. ပြီးခဲ့တဲ့ ၂ ရက်လောက်ကပဲ ထန်းပေါက်က ထန်းရည် ချိုပြင်းလေး ၂၀၀၀ ဖိုးမှာ သောက်လိုက်တာ လူကို ဂျွမ်းစိုက်သွားတာပဲ ။ ရေသန့်ဗူးထဲထည့် ပြီး ရေခဲသေတ္တာထဲ ထည့် ညပိုင်းကျမှ ထပ်ဆော် ဈ ရှယ်ပဲဗျို့ .. ဘီယာ ဘယ်သောက်မလဲ။ ။သွားရည်ကျအောင် လာပြောပြတာ ။ ငှဲငှဲ

    ReplyDelete