Monday, December 31, 2007

ခရီးဖော်




အရင်ဆုံး...
ဟောဒီ ငါ့ ရင်ဘုံကြီး ကို
ဖရဲသီးခွဲသလို ခွဲ
နဲနဲ မြည်းကြည့်လှည့်...။


ငြိမ်းဇေဦး

ဝေဒနာအသွားနှစ်ဖက်




ရိုးရိုးပဲ
ရင်ထဲရှိ
တွေးမိ
ငေးကြည့်....။
ဆွေး

ဝေး
အေးစက်
သက်ပြင်း...။
ချစ်ခြင်းမှာတခါ

ဝေးခြင်းမှာတခါ
အစွန်းနှစ်ဖက်မှာတူသောအရာ....။

ငြိမ်းဇေဦး

နှစ်သစ်ည



နှစ်သစ်ကူးပြီဟဲ့..
တနှစ်လုံးစုထားတဲ့ ရာဝင်အိုးကြီးတွေထဲက
မျက်ရည်တွေရေခဲစိမ် ရှန်ပိန်ခွက်ထဲထည့်
ဘ၀ပိန်ပိန်တွေအပ်ချည်နဲ့သီလို့ 
ကောင်းကင်တင်လွှတ်ကြ
ဇွတ်ပဲ....
ငါး..လေး..သုံး..နှစ်..တစ်..
အာခြစ်ပြီးအော်လိုက်ကြဦးတော့.....။


ငြိမ်းဇေဦး