ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Sunday, May 18, 2008
စေတသိက်
အာရုံမတက်ခင် ငှက်တွေနိုးကြပြီ
ငါ့ပြတင်းက လမင်းခ အလင်းတန်းနဲ့
ရင်နင့်အောင်လဲလွမ်းရပြီ။
ငါနိုးနေတယ်….
ငါနိုးနေတယ်လေ…
မိုးတိမ်တွေဝိုးတ၀ါးနဲ့
ခပ်ပါးပါးမျောလွင့်..
ကြယ်ပွင့်လေးတွေကို ထုတ်ပိုး
ငါ့ဆီကခိုးယူဖို့လား…။
ငါမသိဘူး
ငါတကယ် မသိချင်ဘူးအချစ်လေး
သွေးပျက်သွားတဲ့ မနက်ခင်းတစ်ခုမှာ
တိတ်တိတ်လေး…
မျက်လုံးအသာမှိတ် ငါဆက်အိပ်နေမယ်
ကြယ်လေးတွေ ပျောက်ဆုံး
လမင်းပုန်းခို
ငှက်တေးသံတွေမချိုတဲ့ မနက်ခင်းမှာ
မင်းမရှိတဲ့အိပ်ယာထက်
ငါအသက်မဲ့သွားခဲ့ရင်….ကောင်းမှာ…………..။
ငြိမ်းဇေဦး
ငယ်ငယ် (သုံး)
အချစ်လေးရယ်... သိပ်လွမ်းတယ်…။
အိမ်ရှေ့ချောင်းကလေးမှာရေသားတွေကြည်လင်စီးဆင်း နေပြီသိလား။ တံတားလေး ဘေးနားတဖက်တချက်စီက ချယ်ရီ ပင်လေးတွေလဲ ပန်းဖျော့နု ပွင့်ဖတ်လေးတွေ ပွင့်လို့ တချို့ဆို ရေစီးနဲ့ မျောယုံလေးမျောသွားနေလိုက်တာ ချစ်သူ့ရင်ခွင်ဘယ်တော့မှပြန်မလှည့်တော့ဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ထွက်သွားရက်သူလို ပေါ့….။
အချစ်လေးရယ် တကယ်တော့ ကြွေကျသွားတာပါ… စွန့်ခွာသွားတာမဟုတ်ဘူးသိလား..။
အချစ်လေးရယ် အချစ်လေးကို အစားထိုးနိုင်လောက်တဲ့ အကြောင်းပြချက် ကိုကို့ဘ၀မှာ မရှိဘူး ။
အချစ်လေး …ကိုကိုတို့ပန်းချီကားလေးတွေ ဆွဲကြတဲ့ညနေမှာ ကလေးလေးတစ်ယောက်လို ကိုကို့ဘေးမှာ ထိုင်ပြီး အချစ်လေး ပြောခဲ့တာမှတ်မိလားဟင်…။
“ကိုကို ရဲ့ ငယ်ငယ်က အမြဲတန်း ပန်းချီဆွဲရင် ဒီပုံလေးတစ်ပုံပဲဆွဲတတ်တာ”ဆိုသလို လေ….။
အချစ်လေးရယ် ကိုကို့ရင်ထဲက နှလုံးသားဟာ ပန်းချီဆွဲတဲ့ပိတ်ကားတချပ်ဖြစ်ခဲ့ရင် အဲဒီပိတ်ကားပေါ်မှာ ဘယ်လို ဆေးစက်တွေပဲကျခဲ့ကျခဲ့.. ဘယ်လို အရောင်အဆင်းတွေပဲ စွန်းထင်းခဲ့စွန်းထင်းခဲ့ တကယ်တန်းတော့ အဲဒီပိတ်ကားပေါ်မှာ ထာဝရ နေရာယူပြီး အမြဲတန်းလဲ တမ်းတ ဖြစ်နေမယ့် ရုပ်ပုံလွှာလေးနဲ့ အဲဒီပိတ်ကားချပ်ရဲ့ တကယ့် ပိုင်ရှင် ဟာ အချစ်လေးပါကွယ်…။
…….
ကျနော် အိပ်မက်သည်…။
ကျနော့်အိပ်မက်ထဲမှာ.. ကျနော်က ညာဘက်ဘေးစောင်းအိပ်လို့ ကျနော့်နောက်ကျောမှ အိနွေးသောငယ်ငယ့် ရင်သား တစုံ၏ အထိအတွေ့ ပြီးတော့ ကျနော့် လည်တိုင်တွင် ညင်သာ နွေးထွေးသော ငယ်ငယ့် အသက်ရှုသံနှင့်တိုးလျပွတ်တိုက်သွားသော အသက်ရှုမှုလေးများ…။
ကျနော့်အိပ်ယာထဲတွင်ငယ်ငယ်မရှိ ..အိပ်ယာထဲမဆိုထားနှင့် ကျနော်နှင့် နီးသောအရပ်မှာပင် ငယ်ငယ် တကယ်တန်း မရှိနေသည်ကို ကျနော် သိနေမိသည် သို့သော် တပြိုင်နက်ထည်းမှာလဲ ငယ်ငယ်ကျနော့်ကို ဖက်ထားသည်ဆိုသည့်အသိဖြင့် ၀မ်းသာကြည်နူးနေမိ၏။
ငယ်ငယ်က ကျနော့်ကို တင်းကျပ်နေအောင်ဖက်ကာ ကျနော့် နားရွက်ကို သူမ၏နှာသီးဖျားလေးနှင့်ကပ်ကာ တမင် အသက်ရှုသွင်း ရှုထုတ်လုပ်ရင်း ကျီစယ်နေ၏ ။
ပြီးတော့ ကျနော့် လည်တိုင်ကို သူမ၏ နုထွေးပြည့် ငုံ လှပ စွဲဆောင်မှုရှိလှလွန်းသည့် နှုတ်ခမ်းနှစ်မွှာဖြင့် တဖြေးဖြေးချင်းနမ်းထိကျီစယ်ကာကျနော့်ကိုဖြေးညှင်းသော်လည်းအလျင်စလိုရှိလှစွာပက်လက်ဆွဲလှန်လိုက်၏။
ကျနော့် အပေါ်မှ သူမ၏ လှပသောမျက်နှာလေးဖြင့် မိုးကာ ဆံနွယ်များကတော့ သူမ ပုခုံးပေါ်မှကျော်ပြီး ကျနော့် မျက်နှာပေါ်သို့ ဖြောင့်စင်းစွာကျလျက် ..။
လှပသောအပြုံးမျက်နှာလေးဖြင့် မျက်လုံးလှလေးများ တဖြေးဖြေး ကျနော့် မျက်လုံးများဖြင့် နီးလာချိန်တွင် ကျနော်ရော ငယ်ငယ်ရော နှစ်ဦးလုံးမျက်လုံးများဖြေးညှင်းစွာ မှေးစင်းလာသကဲ့သို့ငယ်ငယ့် ပူနွေးစွတ်စိုသော နှုတ်ခမ်းနှစ်မွှာသည် ကျနော့် နှုတ်ခမ်း တစ်စုံနှင့် ဖြေးညှင်း စွာ အချစ်တံခါးတချပ်အား ပြိုင်တူ ရှာဖွေ ဖွင့် လှစ်ရင်း…။
ပျော့ပျောင်းသောငယ်ငယ့်လျှာလေးသည်ကျနော့်လျှာနှင့်ကြောင်ပေါက်ကလေးနှစ်ကောင်
ကျီစယ်ကစားသကဲ့သို့….။
ဆက်ရန် .....
ငြိမ်းဇေဦး
Subscribe to:
Posts (Atom)