
အာရုံမတက်ခင် ငှက်တွေနိုးကြပြီ
ငါ့ပြတင်းက လမင်းခ အလင်းတန်းနဲ့
ရင်နင့်အောင်လဲလွမ်းရပြီ။
ငါနိုးနေတယ်….
ငါနိုးနေတယ်လေ…
မိုးတိမ်တွေဝိုးတ၀ါးနဲ့
ခပ်ပါးပါးမျောလွင့်..
ကြယ်ပွင့်လေးတွေကို ထုတ်ပိုး
ငါ့ဆီကခိုးယူဖို့လား…။
ငါမသိဘူး
ငါတကယ် မသိချင်ဘူးအချစ်လေး
သွေးပျက်သွားတဲ့ မနက်ခင်းတစ်ခုမှာ
တိတ်တိတ်လေး…
မျက်လုံးအသာမှိတ် ငါဆက်အိပ်နေမယ်
ကြယ်လေးတွေ ပျောက်ဆုံး
လမင်းပုန်းခို
ငှက်တေးသံတွေမချိုတဲ့ မနက်ခင်းမှာ
မင်းမရှိတဲ့အိပ်ယာထက်
ငါအသက်မဲ့သွားခဲ့ရင်….ကောင်းမှာ…………..။
ငြိမ်းဇေဦး
ဒီကဗျာကိုတော့ အကြိုက်ဆုံးပဲ တစ်ချို့စာသားတွေက ခံစားချက်နဲ့ တူနေသလိုလိုပဲ
ReplyDelete