မဇ္စျိမ သတင်း ဌာန၏ မြန်မာဘာသာ အင်တာနက်စာမျက်နှာနှင့် ဒီမိုကရက်တစ်မြန်မာ့အသံ အင်တာနက်စာမျက်နှာများအား တိုက်ခိုက်ခံလိုက်ရပြီးနောက် မြန်မာသတင်းအားမြန်မာလို ဖတ်စရာ စာမျက်နှာတော်တော်နည်းသွား၏။ မဇ္စျိမ ကတော့ အင်္ဂလိပ်ဘာသာစာမျက်နှာကျန်နေသေး၏။
ပုံကြည့်ရတာကတော့ Zombie Systems/Networks ဟုခေါ်သော အိမ်သုံး ကွန်ပြူတာများ အလုပ်သုံးကွန်ပြူတာများအား ကွန်ပြူတာပိုင်ရှင် မသိပဲ ကိုင်ထားနိုင်သော Hacker group တစ်ခုခု က သော်လည်းကောင်း ၊ အစိုးရတစ်ရပ် ရပ် ၏ အကူအညီဖြင့် သော်လည်းကောင်း တပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းဖြစ်၏ ။ D-DOS attack သည် ရိုးစင်းသော တိုက်ခိုက်နည်းဖြစ်သော်လည်း ယခု ကဲ့သို့ ထိရောက်သော တိုက်ခိုက်နည်းတစ်ခုလည်းဖြစ်နေပြန်ပါ၏။
မဇ္ဈိမ ၏ အဆိုအရ ဆယ့်ငါးမိနစ်အတွင်း 5gb ရှိသော network traffic ဖြင့်တိုက်ခိုက်သည်ဟု သိရ၏။တိုက်ခိုက်ရာတွင်အသုံးပြုသော Windows Computer System တစ်လုံး ချင်းစီ၏ Maximum packet size ဖြစ်သော 65500 Bytes ဖြင့် တွက်မည်ဆိုလျှင် ကွန်ပြူတာ ပေါင်း ၇၆ လုံးကျော် ဖြင့် အဆက်မပြတ် ဆယ့်ငါးမိနစ်အတွင်း တိုက်ခိုက်နိုင်၏ Unix သို့ မဟုတ် Linux Computer Systems များ ဖြင့်တိုက်ခိုက်မည်ဆိုလျှင် ကွန်ပြူတာပေါင်း ၇၂ လုံးကျော်ဖြင့်တိုက်ခိုက်နိုင်၏။
သို့သော် ထိုသို့တိုက်ခိုက်ရန်အတွက် victim computers ပိုင်ရှင်များ အနေဖြင့် သတိထားမိလာနိုင်သလို ထိုကွန်ပြူတာအသုံးပြုသူ၏ ISP မှလည်း သတိထားနိုင်၏။ လုံခြုံရေးကောင်းသော ISP များအနေဖြင့် ဆိုလျှင် attack interruption ဖြစ်သွားနိုင်၏။
ထိုအခါ Hacker များအနေဖြင့် Geographically တနေရာဖြင့် တနေရာ ဆက်စပ်ရန်ခက်သော ပြန့်ကြဲ ဒေသများမှ ၄င်းတို့ ထိမ်းချုပ် ထားသော ကွန်ပြူတာများကို အသုံးပြု ကာ targeted website or network ကို နှစ်ဆယ့်လေးနာရီပတ်လုံးတိုက်ခိုက်ကြတော့၏။
ထိုအခါ တိုက်ခိုက်ခံရသော network / website သည် မည်သည့် request ကိုမျှ လက်မခံတော့ပဲ sole purpose of existence သည် ယာယီကာလတစ်ခုအထိရပ်တံ့သွားရပါတော့၏ ။
ယခု တိုက်ခိုက်မှုကို ကြည့်ပါက independent hackers များဆိုလျှင် ထောင်သောင်းချီသော ကွန်ပြူတာများ ကို သူတို့ လိုလျှင် လိုသလို ထိမ်းချုပ် ကာ automated attacks ဖြင့် တိုက်ခိုက်နေခြင်းဖြစ် ၏။
ထိုတိုက်ခိုက်မှုမျိုးအား အစိုးရ တရပ်အနေဖြင့် ကိုင်တွယ် တိုက်ခိုက်မည်ဆိုလျှင် တရုတ် အစိုးရ၏ network security engineers များအနေဖြင့် ကျွမ်းကျင်စွာလုပ်နိုင်သလို Russian အစိုးရ၏ network security engineers များ အနေဖြင့်လည်း လုပ်နိုင်သည်ဖြစ်၏။ Cyber attacks , Cyber war သည် ရုပ်ရှင်များထဲတွင် ကြည့်ကောင်း စိတ်ကူးယဉ်ကောင်းသော ကိစ္စများ မဟုတ်။
တကယ့် အဖြစ်အပျက်များဖြစ်သလို ယခု လက်ရှိ တွင်ပင် မြန်မာ သတင်းဌာန နှစ်ခု ခံလိုက်ရပေပြီဖြစ်၏။
ထိုအတိုက်ခိုက်ခံနေရသော အင်တာနက် သတင်းဌာနများအနေဖြင့် disaster recovery plan , backup plan များ ရှိသင့်ကြသလို ၄င်းတို့  ၏ သက်ဆိုင်ရာ web hosting များ ISP များမှ network engineers များအနေဖြင့်လည်း routers များ switches များ firewalls မှ တဆင့် တိုက်ခိုက်မှုကို ခံရသည် ဆိုသည်မှာ မဖြစ်သင့်သော ကိစ္စဖြစ်ပါ၏ ။
ထိုရိုးစင်းသော တိုက်ခိုက်မှုကို ခံလိုက်ရခြင်းမှာ အစကနဦးကတည်းက သတိထား မှု လုံး ၀ ကင်းမဲ့သော Engineers များ ၏ pain ပင် ဖြစ်သော်လည်း ယခုလို သတင်း ဌာန များ အား အတိုက်ခိုက်ခံရသော အခါ သတင်း ဖတ်သူ ပရိဿတ် ထုကြီးအနေဖြင့် လည်း သွယ်ဝိုက် တိုက်ခိုက်ခံရခြင်းဖြစ်ပါ၏။
ကာကွယ်လိုစိတ်နှင့် ကာကွယ်ရမှန်းသိခဲ့ကြလျှင် Hardware firewalls များမှ လည်း D-DOS Attack ကို ကာကွယ်နိုင် သကဲ့သို့ web server မှလည်း
firewall ထားရှိခြင်း ၊ Intrusion detection system များထားရှိခြင်း မိမိ၏ network နှင့် servers များ သာမန် computer systems များ အား အမြဲလို စစ်ဆေးခြင်း၊ security policy များထားရှိကာ အမြဲ လို computer system တစ်လုံးချင်းကစ၍ သတိပြု စစ်ဆေးခြင်း ၊ မိမိ၏ network ကို ပုံမှန် Audit ၀င်ကာ အားနည်းချက်
ရှိမရှိ စစ်ဆေးခြင်း၊ software patches များ regular updates များ ကို apply လုပ်ခြင်း ၊ exploits အသစ်များကို မျက်ခြေမပြတ် လေ့လာသလို မိမိ network အတွင်းတွင်လည်း
ပြန်လည်စစ်ဆေးခြင်း ကာကွယ်ခြင်းများ လုပ်ခြင်း ၊
ဖြစ်နိုင်ပါက ကွန်ပြူတာလုံခြုံရေးအတွက် မိမိတို့ ဌာန မိမိတို့ကုမ္မဏီ အတွင်း တွင် တကယ် ကျွမ်းကျင်နားလည်သော အင်္ဂျင်နီယာများကို သပ်သပ် လုံခြုံရေးတာဝန်ပေးထားခြင်း ၊Web Server အမျိုးအစားကိုလိုက်၍ လုံခြုံရေး ပေါ်လစီ အတိုင်း configuration များ ပြုလုပ်ခြင်း
Microsoft မှ IIS webservers များ APACHE , Tomcat, JBOSS အစရှိသော servers များ တွင်လည်း vendor အလိုက် လုံခြုံရေး software များ patches များ ရှိသည်ကို အလေး ထားကာ အချိန်အခါအလိုက် update လုပ်ခြင်း install လုပ်ခြင်း၊ Load Balancers တစ်မျိုးမျိုးများ ထားရှိခြင်း တို့ အစကနဦးကတည်းက ရှိသင့်ကြပါ၏။
ဖြစ်နိုင်ပါလျှင် အိမ်သုံး ကွန်ပြူတာသမားများအနေဖြင့်လည်း anti-virus software များ ကို မဖြစ်မနေ မိမိတို့ ကွန်ပြူတာများ တွင် ထားရှိကာ ပုံမှန် update လုပ်ခြင်းများ scanning လုပ်ခြင်းများ လုပ်သင့်ကြပါ၏။
ငွေပေးဝယ်ယူလိုခြင်းမရှိသောwindows system ပိုင်ရှင်များ အနေဖြင့် Aviraမှသော်လည်းကောင်း AVG မှ သော်လည်းကောင်း download လုပ်ယူကာ install လုပ်နိုင်သကဲ့သို့ ကွန်ပြူတာများတွင် virus များ trojan များ ရှိနေပြီဟု သံသယဖြစ်ကြပါလျှင်
Cleanerကို download လုပ်ကာ ကွန်ပြူတာကိုစစ်ဆေးခြင်း AVIRA မှ Anti-rootkit tool ကို download ကာ မိမိကွန်ပြူတာ အားစစ်ဆေး ခြင်း တို့ ကို လိုအပ်သလို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် Cyber attack များ ၏ ရန်မှ ကာကွယ်နိုင်ကြပါ၏။ သို့သော် Computer နှင့် Network တွင် absolute security ဟူ ၍ မရှိ ပါသဖြင့် အချိန်အခါသမယ အလိုက်မျက်ခြေမပြတ် update လုပ်ရန် ကို မမေ့ကြသင့်ပါကြောင်း ဝေမျှ ပြောကြားလိုပါ၏ ။
ငြိမ်းဇေဦး
ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Showing posts with label articles. Show all posts
Showing posts with label articles. Show all posts
Wednesday, July 30, 2008
Sunday, July 27, 2008
မပိုင်သာ အလွမ်းနဲ့ ဒီဇိုင်နာ ဘရန်း

ရုံးမှာ ပင်ပန်းလွန်းလှသည်။ တနေ့ တနေ့ မိုးလင်းက မိုးချုပ် ကော်ဖီသောက်လိုက် အပေါ့သွားလိုက်
ဗီဒီယိုကွန်းဖရင့် လုပ်လိုက် ဆေးလိပ်ထွက်သောက်လိုက်၊ နေ့လည်စာထွက်စားလိုက် ဟိုသည်လျှောက်ကြည့်လိုက် ပြန်လာလိုက် ၊ ကွန်ပြူတာ ကို စကားဝှက်တွေရိုက်ထည့်လိုက် ၊
ကိုယ့်ရုံးခန်းရှေ့မှ ဖြတ်လျှောက်သွားသော လေပေးဖြောင့်သည့် တယောက်ယောက်ကို မြင်လိုက်လျှင်
အတည်ပေါက်ဖြင့် ဟာ သ မမြောက်သော စကားများဖြင့် လှမ်းနောက်လိုက် ကိုယ့်ဟာကိုယ် သဘောကျပြီးရယ်လိုက်ဖြင့် အလုပ်ချိန်ကုန်ပြန်တော့ ကိုယ့်ရုံးခန်းတံခါးလေးသော့ခတ်ကာ ကားရပ်ထားရာ နေရာသို့ မလှမ်းချင်လှမ်းချင်ဖြင့် လှမ်းလာရင်း ကားရပ်နားရန်နေရာတွင်တွေ့သော
သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တယောက်ယောက်အား အရင်ကမှ မလှသော မျက်နှာကြီး ကို ရှုံ့မဲ့ကာ
“သိပ်ပင်ပန်းတာပဲ…”ဟု ခေါင်းခါရင်း ငြီးပြနေကြ….။
ဒီနေ့တော့ Saks Fifth Avenue ဖက်ကို ခဏလောက်သွားလိုက်ဦးမည်ဟု ဆုံးဖြတ်ကာ ကားထဲဝင်ထိုင် လေအေးစက်ကလေးကိုဖွင့် ဓါတ်ပြား အသစ် တစ်ခု ကို ဓါတ်ပြားစက်ထဲထည့်ကာ
နောက်ပြန်ဂီယာထိုးရင်း နောက်သို့ ဆုတ်လိုက်၏ ၊ပြီးတော့ နံပါတ်တစ်ဂီယာထိုးကာ အလိုအလျှောက် ဖွင့်သောပိတ်သော မှန်တံခါးခလုတ်ကိုဖွင့်လိုက်ရင်း လက်တဖက်မှ သူများ အလကားလက်ဆောင်ပေးသည့် ဇစ်ပို မီးခြစ်ကို ခြစ်ကာ စီးကရက်ကို မီးညှိလိုက်ရင်း ဂီယာကို ပြောင်းလိုက်၏။
လမ်းဘေးဝဲယာမှ ကားကြီးကားငယ် များကို ကြည့်ရင်း နောက်ဆုံးတွင် Saks Fifth Avenue
ကား ရပ်ရန်နေရာသို့ ရောက်လာ၏။
ကားကိုရပ်ကာ မိမိမျက်နှာနှင့် တစက်မျှ မလိုက်ဖက်သော John Varvatos နေကာမျက်မှန်ကို နောက်ကြည့်မှန်တွင်ချိတ်ထားရာမှ ယူတပ်ရင်း အဆီပြန်နေသော မျက်နှာအား တစ်ရှူးပေပါအနည်းငယ်ဖြင့်သုတ်လိုက်ပြီး ကားတံခါးကို ဖွင့် ၊ပြီးတော့ပြန်ပိတ်ကာ လေးငါးဆယ်လှမ်းလောက်လှမ်းပြီးမှ လူ တကာက မိမိ၏ infiniti G 35 ကလေးကို မျက်စိစူးရောက်စေရန် Remote control သော့ပိတ်စနစ်ဖြင့် “တီ…တီ”ဟူသော အောက်ကလိအာ အသံထွက်စေကာ ပိတ်လိုက်၏ ။
အတွင်းထဲရောက်တော့ Valentino Roma ဖက်လှည့်ဖြစ်၏ Prada ဖက်လှည့်ဖြစ်၏ ခပ်ဈေးပေါပေါ coach နှင့် Juicy Couture ဖက် ကို အားနားပါးနာ သွားငေးဖြစ်၏ ။ ထိုဆိုင်များက ခပ် နန့် နန့် ခပ်ပျံပျံ ဟာလေးများ ငွေကို ခြုစ် ခြုတ်စုကာ ၀ယ် ယူသုံးစွဲနေကြနေရာလေးများဖြစ်သဖြင့် ကရုဏာတရားရှေ့ ထားကာ အနှီ မဒီကလေးများအား အားနာပါးနာ စိတ်ဝင်စား ဟန်ဆောင်သောမျက်လုံးဖြင့် ငေး ကြည့်အားပေးရန်ဖြစ်၏။
မိမိ၏ Prada Leather Thong ခြေညှပ်ဖိနပ်အောက်မှပြောင်လက်သော ကြမ်းပြင်ကို လက်နက်သဖွယ်အသုံးပြုကာ မီနီစကတ်ကလေးများဖြင့် ကောင်မလေးတော်တော် များများ ရှပ် ပြာပြာ ဖြတ်သွားနေကျဖြစ်သည့် ရေပန်း အ၀ိုင်းကြီး ၏ ဘောင်ပေါ်တွင် မျက်မှန်ကို လက်တဖက်ဖြင့် ကိုင်ရင်း ထိုင်ကာ
တွေတွေ ငေးငေး စဉ်းစားခန်းဝင်နေသည့် ဟန်ဆောင်လျှက် ကြမ်းပြင်မှ ထင်ဟပ်သော အရာများကို မမှိတ်မသုန်ကြည့်နေမိ၏။
……………………………………
အိမ်ပြန်မှဖြစ်တော့မည်။ ဒီည စာ ကောင်းကောင်းချက်စားမှဖြစ်မည်။
ဒီတော့ အိမ်သို့ ပြန်လာခဲ့ရင်း လမ်းတွင် ဓါတ်ဆီ နည်းနေပြီဖြစ်သော ကားအတွက် ဓါတ်ဆီဆိုင်တွင်ရပ်ရင်း
လေးထောင့် ပလပ်စတစ် အိတ်ကလေးများဖြင့်ထုတ်ထားသော အ၀ိုင်း ကွင်းလေးများ ဟု အထင်ရှိသည့် အရာလေးများအား စိတ်ရောက်သွား၏။ သေချာယူကာ ဖတ်ကြည့်တော့ Condom ဆိုပဲ….။
ထို အရာတို့သည် လောလောဆယ် မိမိနှင့် မည်ကဲ့သို့ မျှ ယာယီမသက်ဆိုင်သေးသောအရာများဖြစ်သဖြင့်….
ချစ်ရသူကလဲ တနယ်တမြေမှာ ဒီတော့ ထို ကိလေသာတို့၏ ထုတ်ပိုးရာဖြစ်သည့် ကိစ္စကိုလည်း ဝေးဝေးရှောင်မှဖြစ်မည်။
ပေါက်ပေါက်ရှာရှာ ဒီဇိုင်နာ condom လေးများမရှိကြဘူးလား မသိ….။
ဒီတော့ တခါ တွေ့ ဖူးသည့်အင်တာနက် ဆိုက်က အကောင်းဆုံး ကွန်ဒွန်ဆုပေးတာကိုသွားသတိရမိပြန်သည်။
ဘာတဲ့ "Official Condom Tester Pool"ဆိုပဲ...ချစ်ရသူများ မရှိလို့ ကတော့ Quality Control မှာ အချိန်ပြည့်ဝင်လုပ်လိုက်ချင်ပါရဲ့…။
……………………………….
ဓါတ်ဆီဖြည့်ပြီးတော့ ကားကို ဖြေးဖြေးမောင်းပြန်လာရင်း မိတ်ဆွေတဦး ပြောပြသော သူ၏ တောင်ပေါ်မြေမှ condom ဇာတ်လမ်းကို ပြန်သတိရမိကာ ပြုံးမိပြန်၏။
……………
ချင်းတောင်တွင် HIV , AIDS ကာကွယ်ရေးအတွက် ကျမ်းမာရေးဌာနများမှ United Nations အစီအစဉ်ဖြင့်
Condom များဝေကြသည် ဆို၏။ ထိုအခါ ရွာလုံးကျွတ် ရှိသမျှ ယောက်ျားများအား သူကြီးအိမ်ရှေ့တွင် စုရုံးခေါ်ကာ မဟာ Condom သုံးစွဲနည်း ပညာပေးကြ၏။
ကျမ်းမာရေးမှူးက သူကြီးအိမ်ဘေး တွင် ထိုးထွက်နေသော ဘူးစင်မှ ၀ါးလုံး အား သေချာလက်ညှိုးထိုးပြလျှက်
“ခင်ဗျားတို့ ည ည…ခင်ဗျားတို့ အမျိုးသမီးတွေနဲ့ အိပ်ကြမယ်ဆိုရင် ဟောဒီ ပလပ်စတစ် အိတ်ကလေးကို ဟောသလို စွပ်ပြီးမှ အိပ်မယ်ဆိုရင် လိင်က ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်တဲ့ အပြင် မလိုလား ပဲ ကိုယ်ဝန်ရှိလာနိုင်မှုတွေကိုလဲ ကာကွယ်ပြီးသားဖြစ်ပါတယ်” လို့ ရှင်းပြခဲ့သတဲ့…။
နောက် သုံးလလောက်ကြာတော့ အဲဒီရွာက ရွာသားတစ်ယောက်ဟာ မြို့ ကို ဒေါနဲ့မောနဲ့တက်လာပြီး ကျန်းမာရေးမှူးရဲ့ ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်….ပြီးတော့ မျက်နှာမာနဲ့“ခင်ဗျားပေးတဲ့ ပလတ်စတစ်အိပ်တွေလဲ စွပ်တာပဲ ဗျ ခုတော့ ဒုက္ခရောက်ပြီ ” လို့ ပြောသတဲ့.
ကျမ်းမာရေးမှူးက ဘယ်လိုဖြစ်တာတုန်း ကျနော် သေချာပြသလို မလုပ်လို့ ဖြစ်ပါလိမ့်မယ်လို့ပြောသတဲ့ အဲဒီအခါ အဲဒီ ရွာသားက ဘာပြန်ပြောသလဲဆိုတော့“ လုပ်သမှသိပ်လုပ်တာပေါ့ ဆရာရယ် ညည မိန်းမနဲ့မအိပ်ခင် အပင်ပန်းခံပြီးအဲ ဒီဘူးစင်က ၀ါးလုံးမှာ သွားသွားစွပ်ရတာ ဆရာ ဝေခဲ့သမျှ ကုန်ပါရောလား”တဲ့လေ…။
အော် တကယ်တော့ ဒီဇိုင်နာ ဘရန်းတွေ ဘာဘရန်းတွေ ပဲဖြစ်ဖြစ် Condom ကို ဘူးစင်က ၀ါးလုံးစွပ်မိတာနဲ့ တူနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါလား ဟု တွေးမိရင်း ကြွားချင်စိတ်ကို မြိုသိပ်ကာ ကားကို ကားရပ်နားရာနေရာလေးတွင်ရပ်လျှက် ခပ်ကုတ်ကုတ်ဖြင့် အိမ်ဖက်သို့ လှမ်းလာမိပါတော့၏။
ငြိမ်းဇေဦး
Saturday, July 5, 2008
စံနှုန်း ( အခန်း ၁)

အတ္တ နှင့် လိုဘ သည် သတ္တ၀ါတို့ မွေးသည်မှ စ၍ အသက်ဓါတ်နှင့် ပြိုင်တူ ဖြစ်တည်လာသော စိတ်အခြေအနေဖြစ်၏။
ဥာဏ်ရည်အဆင့် နိမ့်ပါးသောသတ္တ၀ါတို့၏ အတ္တနှင့် လိုဘ သည် အခြေခံဘ၀လိုအပ်ချက်များဖြစ်သော စားရေး နေရေးနှင့်
မျိုးပွားရေးအတွက်ဖြစ်၏။
ဥာဏ်ရည်မြင့်သော လူသားတို့အတွက်တွင်မူ အတ္တနှင့် လိုဘ ဆိုင်ရာတောင်းဆိုမှုသည် အကန့်အသတ်မဲ့ဖြစ်၏။
သမိုင်းမတင်မှီကာလမှ လူသားသည် စားရေး နေရေး မျိုးပွားရေးထက်ပိုသော တောင်းဆိုမှုများဖြင့် တူရာ တူရာ မျိုးနွယ်စုများ အတူတကွနေထိုင်ပြီး မတူသော မျိုးနွယ်စုများဖြင့် အမဲလိုက်နယ်မြေလု စစ်ပွဲငယ်များ စတင်တိုက်ခိုက်လာကြ၏။
အမဲလိုက် လက်နက် ကိရိယာနှင့် ကုန်လုပ်ကိရိယာကို စတင်တီထွင် လိုက်နိုင်ပြီးကတည်းက လူသားသည် မဟာယဉ်ကျေးမှု၏ပထမအဆင့်ဖြစ်သော ခြေလှမ်းသစ်ကို အတိအကျလှမ်းလိုက်နိုင်ပြီ ဖြစ်သည်။ မားစ် သို့ သွားရောက် လေ့လာ သုတေသနပြုမှု နှင့်အတူ ပိုမို အံ့ဘနန်း ကြီးကျယ်ခမ်းနားသော စင်္ကြ၀ဠာဆိုင်ရာကြိုးပမ်းချက်များအတွက် စတင်နိုင်လိုက်ခြင်းပင်ဖြစ်သည်။
ယဉ်ကျေးမှု စတင်ထွန်းကားလာခဲ့သည်နှင့်အမျှ လူသားမျိုးနွယ်စုတို့၏ အစုအဖွဲ့ဆိုင်ရာ စနစ်များ ၊ အုပ်ချုပ်မှုဆိုင်ရာ တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုများ ကို တဆင့်ပြီးတဆင့်ဖြတ်သန်းလာခဲ့ရင်း ၊ ပဒေသရာဇ် စနစ် သည်လည်း လူသားတို့မဖြစ်မနေ ဖြတ်သန်းခဲ့ရသော သမိုင်းဖြစ်စဉ်တခုဖြစ်၏။
ပဒေသရာဇ် စနစ်တွင် တွေးခေါ်ပညာရှင်များ နှင့် သိပ္ပံ ပညာရှင်များဖြစ်သော သင်္ချာ ပညာရှင်များ ၊ နက္ခတ္တဗေဒပညာရှင်များ ၊ အဂ္ဂိရတ်ဆရာများ၊ ရူပဗေဒ ပညာရှင်များ က အုပ်စု တစ်စု အဖြစ် စဉ်းစားကာ
စာပေ ပညာရှင်များ အနုပညာရှင်များ က အုပ်စု တစ်စု အဖြစ်စဉ်းစားလျှင် ဒုတိယအုပ်စု သည် ရွှေနန်းတော် ရိပ်ကို ခိုဝင်ကာ ရှင်ဘုရင်၏ အခတော်စားလျှက် ပဒေသရာဇ် စနစ်ကို အလုပ်အကြွေးပြုကြရ၏။
ဒုတိယအုပ်စုအား ဥာဏ်မှီသမျှ ပြန်လည် ဆန်းစစ်ကြမည်ဆိုလျှင် အနုပညာရှင်များနှင့် စာပေ ပညာရှင်များသည် မင်း ဧကရာဇ် ၏ စိတ် အဟာရအတွက် ဖြစ်တည်လာသော ပညာတတ် အလွှာတစ်ခု အနေဖြင့် နန်းပြဿာဒ် နှင့် မြို့ရိုး လေးဘက်ကြား ရှင်သန်ခဲ့ကြသည်မှာ များ၏။
နှိုင်းယှဉ်ချက်အရ အတွေးအခေါ်ပညာရှင်များနှင့် သိပ္ပံပညာရှင်တို့ သည် လောကနှင့် စင်္ကြ၀ဠာ၏ ပကတိဖြစ်စဉ် ကို သာ ပိုမိုစူးစမ်းလေ့လာ၏။ လောကသစ္စာကိုရှာဖွေရေးအတွက်ပိုမိုအားထုတ်ကြ၏။ ကမ္ဘာ့ ယဉ်ကျေးမှုကြီးတိုင်းတွင် ထွန်းကားထင်ရှားသောတွေးခေါ်ပညာရှင်ကြီးများ သိပ္ပံပညာရှင်ကြီးများ ပေါ်ပေါက် လာသကဲ့သို့ အနှီ ပုဂ္ဂိုလ်ကျော်ကြီးများ သည် နှောင်းကာလတွင် ဘာသာရေး ခေါင်းဆောင်ကြီးများ အဖြစ် ထင်ရှားလာကြသလို သမိုင်းတွင် ဖျောက်ဖျက် လက်စတုံး ပစ်၍ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်သော တွေးခေါ်ပညာရှင်ကြီးများအဖြစ် ခိုင်မာစွာ သမိုင်း စာမျက်နှာများပေါ်တွင် နေရာယူလာနိုင်ခဲ့ကြ၏။
တော်လှန်သော အတွေးအခေါ်နှင့် ကရုဏာ ရှင်ကြီးများအဖြစ် လူသားတို့ က အသိအမှတ်ပြု ကိုးကွယ်လာကြရ၏။ ၄င်းတို့ ၏တွေ့ ရှိချက်များ တင်ပြချက်များဆွေးနွေးချက်များအား နှောင်းလူတို့ အတွက် ကိုးကားစရာ ဆွေးနွေးစရာ အငြင်းပွားစရာ လက်ခံစရာ များအဖြစ် တည်ရှိခဲ့လေ၏။
စာပေပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း တဖြေးဖြေး မင်းဧကရာဇ် နှင့် မှန် နန်းတော် ၏ ပြင်ပသို့ တဖြေးဖြေး ရုန်းထွက်လာသည်တွင်...........။
ဆက်ရန်
ငြိမ်းဇေဦး
Friday, February 22, 2008
ကာလသားဟင်းချက်နည်း

ကုသိုလ် မကျိန်းသေသော်လည်း ၀မ်း ၀ နားငြီးသက်သာ ရပ်ကွက် အေးချမ်းမည့် ကာလသားဟင်းချက်နည်း....။
ခပ်စွာစွာရန်လို ဟိန်းဟောက်တတ်သော ခွေးတစ်ကောင်ကို လေးလေးစားစား ကြင်ကြင်နာနာ အသိအမှတ်ပြုမှုဖြင့် သက်သက်သာသာ နတ်ရွာစံပါစေ။
ဝိညာဉ် မဲ့သွားသော ဘုန်းတော်ကြီးမြတ်လှသည့် ထိုခွေးမသာအား ကောက်ရိုးမီးခပ်ပြင်းပြင်းဖြင့် မီးမြှိုက်ပါ။
ကုန်းကော့ဖောင်းကြွလာသော ခန္ဓာကိုယ်အား ဓါးဖြင့် ခြစ် ကာ အမွေးများပြောင်ပါစေ။ ခွေးသား ခွဲစိတ် ဖြတ်တောက်ခြင်းအတွက် အရက်ပျံစိမ်ထားသော ခွဲဓါးမလိုပါ ။ဂျူတီကုတ်မလိုပါ ၊ဇာဂနာမလိုပါ၊ နားကြပ်မလိုပါ အဆင့်ဆင့်သော ခွေးဖျက်နည်း ကို ဖော်ပြလျှင် ရှည်ပါလိမ့်မည် .. ခွေးသားအနေတော်ရပြီဆိုကြပါစို့...။
၁။ဂျင်းငါးကျပ်သား (ဂျင်းထည့်ရမည်)
၂။ ကြက်သွန်ဖြူ ဆယ့်ငါးတက်
၃။ ကြက်သွန်နီဥကြီး ကိုးလုံး(အနှစ်များများရရန်)
၎။ ငရုတ်သီးပွကြီးဆယ့်လေးတောင့် ( အာပြဲချင်လျှင်ပိုသုံး)
၅။ ပဒဲကော ငါးကျပ်သား
၆။ စမုံမျိုးငါးပါး တစ်ကျပ်သား
၇။ ကရဝေးရွက် ခြောက်ရွက်
၈။ စပါးလင် သုံးပင် ( လင်ငယ်မဖြစ်ရ မူလ ဖြစ်ရမည် သုံးပင်)
၉။ ငရုတ်ကောင်း တမတ်သား ( ငယုတ် ကောင်း မဟုတ် )
၁၀။ နိဗ္ဗာန်ရွက် တကျပ်သား ( ဆေးခြောက်ဟုလည်းလွဲမှားစွာခေါ်ကြသည်)
အထက်ပါ ဆယ်မျိုးသော အရာတို့ အား လှီးဖြတ် ထုထောင်း ညက်ခြေ ရောစပ်ပြီးပါက အိုးကောင်းကောင်း ကြီးကြီး ထဲတွင် ဆီ နှစ်ဆယ့်ငါးကျပ်သားဖြင့် သတ်ပါ။ ဆီအလောတော်သတ်ပြီး လျှင် တိတိကျကျ မှန်မှန်ကန်ကန် တုံးတစ်ထားသော ခွေးသားများအား ထည့်ပါ ။ ငရုတ်ဆုံဆေးရေထည့်ပါ ။ အိုးဖုံးပိတ်၍ နှပ်ပါ မီးပြင်းလိုက် ပျော့လိုက် အလောတော် ချိန်ပေးပါ ရှဲရှဲသံထွက်လာလျှင် အိုးကြီးကို ယုယုယယ သွက်သွက်လက်လက် မိမိရရ ကိုင်ဖွင့်ပါ။
ပြီးလျှင် ရေ အနေတော် ထည့်ကာ ပြန်လည်၍ နှပ်ထားပါ ။ ထိုနည်းအတိုင်း အသံမြည် လာတိုင်း အိုးဖွင့် ရေထည့်ခြင်းပြုလုပ်ပြီး နာရီအနည်းငယ်အတွင်း အလွန်နူးအိအရသာ
ရှိလှသည့် ခွေးသားဟင်းတခွက်ရပါလိမ့်မည်။
ခွေးခေါင်းကို စွတ်ပြုတ်လုပ်ကာ ပါးစပ်တွင်းမှ အသားနုများအားလဲ စိတ်ပြေနပြေ ချစ်ဦးသူ ၏ နှုတ်ခမ်းကဲ့သို့ စုတ်လို က စုတ်နိုင်ပါသည်။ ပူစီနံ ပါးပါးလေးထည့်ပါ ထိုခွေးသားဟင်း ၀ါး မိပါက မူးယစ်ရီဝေ စွာဖြင့် ၀ါး သူ ၏ ၀မ်းမီးကို သိက္ခာရှိရှိ မွှေးမွှေးပျံ့ ပျံ့  ငြိမ်းစေပါလိမ့်မည်။
သို့ သော် ဘုန်းတော်ကြီးသော ခွေး ကိုတော့ နတ်ရွာစံခိုင်းရပါလိမ့်မည်။
ငြိမ်းဇေဦး
ခပ်စွာစွာရန်လို ဟိန်းဟောက်တတ်သော ခွေးတစ်ကောင်ကို လေးလေးစားစား ကြင်ကြင်နာနာ အသိအမှတ်ပြုမှုဖြင့် သက်သက်သာသာ နတ်ရွာစံပါစေ။
ဝိညာဉ် မဲ့သွားသော ဘုန်းတော်ကြီးမြတ်လှသည့် ထိုခွေးမသာအား ကောက်ရိုးမီးခပ်ပြင်းပြင်းဖြင့် မီးမြှိုက်ပါ။
ကုန်းကော့ဖောင်းကြွလာသော ခန္ဓာကိုယ်အား ဓါးဖြင့် ခြစ် ကာ အမွေးများပြောင်ပါစေ။ ခွေးသား ခွဲစိတ် ဖြတ်တောက်ခြင်းအတွက် အရက်ပျံစိမ်ထားသော ခွဲဓါးမလိုပါ ။ဂျူတီကုတ်မလိုပါ ၊ဇာဂနာမလိုပါ၊ နားကြပ်မလိုပါ အဆင့်ဆင့်သော ခွေးဖျက်နည်း ကို ဖော်ပြလျှင် ရှည်ပါလိမ့်မည် .. ခွေးသားအနေတော်ရပြီဆိုကြပါစို့...။
၁။ဂျင်းငါးကျပ်သား (ဂျင်းထည့်ရမည်)
၂။ ကြက်သွန်ဖြူ ဆယ့်ငါးတက်
၃။ ကြက်သွန်နီဥကြီး ကိုးလုံး(အနှစ်များများရရန်)
၎။ ငရုတ်သီးပွကြီးဆယ့်လေးတောင့် ( အာပြဲချင်လျှင်ပိုသုံး)
၅။ ပဒဲကော ငါးကျပ်သား
၆။ စမုံမျိုးငါးပါး တစ်ကျပ်သား
၇။ ကရဝေးရွက် ခြောက်ရွက်
၈။ စပါးလင် သုံးပင် ( လင်ငယ်မဖြစ်ရ မူလ ဖြစ်ရမည် သုံးပင်)
၉။ ငရုတ်ကောင်း တမတ်သား ( ငယုတ် ကောင်း မဟုတ် )
၁၀။ နိဗ္ဗာန်ရွက် တကျပ်သား ( ဆေးခြောက်ဟုလည်းလွဲမှားစွာခေါ်ကြသည်)
အထက်ပါ ဆယ်မျိုးသော အရာတို့ အား လှီးဖြတ် ထုထောင်း ညက်ခြေ ရောစပ်ပြီးပါက အိုးကောင်းကောင်း ကြီးကြီး ထဲတွင် ဆီ နှစ်ဆယ့်ငါးကျပ်သားဖြင့် သတ်ပါ။ ဆီအလောတော်သတ်ပြီး လျှင် တိတိကျကျ မှန်မှန်ကန်ကန် တုံးတစ်ထားသော ခွေးသားများအား ထည့်ပါ ။ ငရုတ်ဆုံဆေးရေထည့်ပါ ။ အိုးဖုံးပိတ်၍ နှပ်ပါ မီးပြင်းလိုက် ပျော့လိုက် အလောတော် ချိန်ပေးပါ ရှဲရှဲသံထွက်လာလျှင် အိုးကြီးကို ယုယုယယ သွက်သွက်လက်လက် မိမိရရ ကိုင်ဖွင့်ပါ။
ပြီးလျှင် ရေ အနေတော် ထည့်ကာ ပြန်လည်၍ နှပ်ထားပါ ။ ထိုနည်းအတိုင်း အသံမြည် လာတိုင်း အိုးဖွင့် ရေထည့်ခြင်းပြုလုပ်ပြီး နာရီအနည်းငယ်အတွင်း အလွန်နူးအိအရသာ
ရှိလှသည့် ခွေးသားဟင်းတခွက်ရပါလိမ့်မည်။
ခွေးခေါင်းကို စွတ်ပြုတ်လုပ်ကာ ပါးစပ်တွင်းမှ အသားနုများအားလဲ စိတ်ပြေနပြေ ချစ်ဦးသူ ၏ နှုတ်ခမ်းကဲ့သို့ စုတ်လို က စုတ်နိုင်ပါသည်။ ပူစီနံ ပါးပါးလေးထည့်ပါ ထိုခွေးသားဟင်း ၀ါး မိပါက မူးယစ်ရီဝေ စွာဖြင့် ၀ါး သူ ၏ ၀မ်းမီးကို သိက္ခာရှိရှိ မွှေးမွှေးပျံ့ ပျံ့  ငြိမ်းစေပါလိမ့်မည်။
သို့ သော် ဘုန်းတော်ကြီးသော ခွေး ကိုတော့ နတ်ရွာစံခိုင်းရပါလိမ့်မည်။
ငြိမ်းဇေဦး
Subscribe to:
Posts (Atom)