Tuesday, July 1, 2008

သဟဇာတ ပစ္စယော ပြိုလဲမှု

နဖူးစာ မှင်ရည်ကလဲ
ကြဲ...ကြဲ နိုင်လွန်းတယ်...။


တိုင်ယာဖိနပ် တရံလောက်တောင်
ခံနိုင်ရည်မရှိတဲ့ အသုံး မခံမှုတွေနဲ့
မီးခိုးတွေမှုတ်ထုတ်ခဲ့ရတိုင်း
ပင့်ကူမျှင်တွေကိုယက်လုပ်တတ်တဲ့
ဦးနှောက်သေးသေးနဲ့
ကိုယ့်အတွေးတွေကိုယ် ဖမ်းခဲ့ရတာတောင်
ညမှောင်ရင် ခြတကောင် တောင်ပို့ပျောက်သလို
ဆောက်တည်ရာမဲ့....။

အလုပ်မဖြစ်
အရှုပ်အသစ်တွေသန်စွမ်း
ရုပ်အစစ်တွေ ပြန်လမ်းမဲ့တဲ့
အင်ဖော်မေးရှင်း ဟိုင်းဝေးကြီးပေါ်မှာပေါ့....
တကျော့ပြန်သံသယနဲ့
သံယောဇဉ် အကြေကောက်ကို
မွှေနှောက်ကြည့်မှ....။

ငြိမ်းဇေဦး

ထောင့်မကျိုး ရခြင်းအကြောင်း

ကျိုးနွံစိတ်မရှိပေမယ့်
ကျိုးတိုးကျဲတဲတော့ဟုတ်ဘူးဟ..။

အရှင် မခေါ် သခင်မထူးပေမယ့်
ဘ၀င်ရူး လဲ ဟုတ်ဘူး ဟ...။

လူပေါ်လူကျော်တတ်တဲ့ အကျင့်မရှိပေမယ့်
လူတော်လဲ ဟုတ်ဘူးဟ..။

ငါ့ဘ၀ကို ပွတ်ချွန်းလိပ်ပြီး
တိတ်တိတ်လေးဖွာရင်း
သီချင်းဆိုလိုက် ထငိုလိုက်
ဟားတိုက်ရယ်လိုက်နဲ့
ဇိမ်ကျနေတဲ့ကောင်လေ
တယောက်ထဲနေတာကိုက
ပုန်ကန်ခြားနားမှုရဲ့အနှစ်သာရကိုး....
ဒီတော့ သိပ်ဆိုးတာပဲမှတ်ချက်ကို
ဓါတ်စက်ကြီး လက်ပံပင်ချိတ်လို့
လိပ်ခေါင်းထွက်အောင်အော်လဲ
အော်တော့............။

ငြိမ်းဇေဦး

နှစ်ရာမြောက် ဟို ရေးဒီရေး

အိပ်မက်ဖမ်းသူ


ညနေရောက်ပြီ
မှောင်ရီဆည်းဆာ
ညိုပြာ တောင်တန်း
လွမ်းချင့် စရာ
ရင်မှာတမ်းတ ဒီည ဘယ်လိုအိပ်ပါ့မယ်...။

သန်းခေါင်ကျော်ပြီ
နာရီ လက်တံ
ကာရံ ပျောက်ဆုံး
ကိုယ့်နှလုံးသား
ရပ်သွားမလို
ညအိုပျိုကျ
မှောင်လွန်းလှရဲ့.....။


လွမ်းတဲ့သူမှာ ဝေဒနာထွေ
ကမ်းမဲ့ သူမှာ နွေတရာဝေ...။


လှမ်းခဲ့ လေ ကိုယ့်ရင်ထဲကို
မောသမျှတွေ အနမ်းနဲ့ဖြေစို့
မနွမ်းနဲ့လေ ပွေ့ကာထွေးမယ်
ပန်းနဲ့ ခြွေ မွေ့ယာလေးဝယ်ပေါ့
လာခဲ့လေ ကိုယ့်အိပ်မက်ကို မျှော်မိပါပေ.........။




ငြိမ်းဇေဦး

အချစ် ရဲ့ စံနှုန်း နဲ့ အတ္တဖောင်းကားမှု




ပြောချင်ဘူး
ထူးထူးထွေထွေ...။

ငယ်တုန်းက
ငါချစ်ရင်
ဖာဖြစ်ဖြစ် ယူမယ်...။

တွေးတတ်လာတော့
ဈေးဖြတ်စရာတွေရှိလာတယ်..။

ခုတော့...
အပျိုလဲဖြစ်
ငါ့ကိုလဲချစ်
မရစ်တတ်တဲ့
အချစ်ငတ်တဲ့ အလှကလေး
ဟိုရေးဒီရေးလဲ မရေးတတ်မှ
ဟိုငေးဒီငေးလဲ မငေးတတ်မှ
ဟိုတွေးဒီတွေးလဲ မတွေးတတ်မှ.................။


ငြိမ်းဇေဦး