Tuesday, July 1, 2008

အချစ် ရဲ့ စံနှုန်း နဲ့ အတ္တဖောင်းကားမှု




ပြောချင်ဘူး
ထူးထူးထွေထွေ...။

ငယ်တုန်းက
ငါချစ်ရင်
ဖာဖြစ်ဖြစ် ယူမယ်...။

တွေးတတ်လာတော့
ဈေးဖြတ်စရာတွေရှိလာတယ်..။

ခုတော့...
အပျိုလဲဖြစ်
ငါ့ကိုလဲချစ်
မရစ်တတ်တဲ့
အချစ်ငတ်တဲ့ အလှကလေး
ဟိုရေးဒီရေးလဲ မရေးတတ်မှ
ဟိုငေးဒီငေးလဲ မငေးတတ်မှ
ဟိုတွေးဒီတွေးလဲ မတွေးတတ်မှ.................။


ငြိမ်းဇေဦး

1 comment:

  1. ကောင်းတယ် အစ်ကိုရေ...ဟီး ဟီး...နောက်ပိုင်း ရယ်သွားချင်းကိုတော့ ဗွေမယူပါနဲ့။

    ReplyDelete