Thursday, July 24, 2008

အသားမသေသောအခြေကျခြင်းများ

သူ့ဟာနဲ့သူတော့ အခြေကျနေကြတာပဲ
လမ်းထိပ်က ခပ်မွဲမွဲ အုတ်ခုံလေးတောင် မြောင်းပုတ်နံ့နဲ့အခြေကျ....။


အဲဒီအုတ်ခုံပေါ်မှာ ည..ည
ဂစ်တာ တစ်လုံးပိုက်ပြီး သီချင်းငြီးတတ်တဲ့
နားပင်းနေတဲ့လူရဲ့ သီချင်းသံဟာလဲ
ဘာနဲ့မှ မတူအောင် အခြေကျခဲ့...။

အဲဒီဂစ်တာသံကိုလဲ ဘယ်တော့မှ နားဝင်ချိုဖို့
ဘယ်သူမှ မမျှော်တော့လောက်အောင် အခြေကျခဲ့..။

သူကလဲ ဂစ်တာကို ပိုက်ပြီး စိတ်လိုက်မာန်ပါ
အော်သာဆိုနေရဲ့... သူ့အသံသူမကြား
စာသားတွေ ကဗျာလွတ်နဲ့
ဟောဒီအုတ်ခုံလေးမှာ အခြေကျခဲ့...။

သူဟာ...
ငယ်စဉ်အခါက စာတော်တဲ့လူတယောက်

သူဟာ...
ငယ်စဉ်အခါက အနာဂတ်ကို ဒိန်ချဉ်တစ်ခွက်လို
စုံမက်တဲ့လူတယောက်

သူဟာ
ငယ်စဉ်အခါက လမ်းထိပ်က ဆရာမ ဖြစ်သွားတဲ့ ကောင်မလေးကို
မန်ကျည်းချိုသီးတွေ တက်ခူးပေးနေကြ

သူဟာ
ကျောင်းပေါင်းစုံ ဘောလုံးအသင်းမှာ
အနိုင်ဂိုးကိုသွင်းသွားနေကြ

အဲဒီ ဗိုလ်စွဲတဲ့ ညနေတွေမှာ
ပန်းကုံးလာစွပ်တဲ့ကျောင်းသူတွေကြားက
အဲဒီ ဆရာမဖြစ်သွားတဲ့ ကောင်မလေးဆီက ပန်းကုံးကိုမှ အစွပ်ခံနေကြ

ပြီးရင် ပြုံးစစနဲ့ ကွင်းလည် မှာ ဇော်က က ပြီး
ပျော်ပြ နေကြ....။


အခုတော့ အဲဒီကျောင်းဆရာမလေးမှာလဲ
ကလေးနဲ့ ခွေးနဲ့ အကြွေးနဲ့

အခုတော့ အဲဒီ အုတ်ခုံလေးနေရာမှာ
အုတ်ခုံလေးရှိခဲ့ပါတယ် ဆိုယုံ
အုတ်ခဲပုံ လေး ညိုကျင့်ကျင့်နဲ့...။



ည..ည မိုးတွေခြုန်းပြီဆို
အဲဒီဆရာမလေး ထထ ငေးတုန်း
ဟို နားမကြားတော့တဲ့ကောင်လေး
ပုဆိုးခြုံလို့ အိမ်ပြန်မှပြေးရဲ့လားလို့.............။

အရာရာဟာ သူ့ ဟာနဲ့သူတော့အခြေကျနေကြတာပါပဲ

မိုးသည်းသည်းမှာ
ည နက်ပြီ ဆိုရင်
မြောက်သချိုင်္င်းက
ဝိဥာဉ်တခု...
မျက်ရည်တွေ ဥ တုန်း တဲ့................။


ငြိမ်းဇေဦး

တခါက သိခဲ့ဖူးသော သူ့ ဖခင် ရိုက်သဖြင့် နားကန်းသွားရသည့် လူတယောက် ဘ၀ကို မှတ်မိသမျှ ပြန်လည် ရေးသားခြင်းဖြစ်ပါသည်။