Friday, February 15, 2008

လက်ကျန်…


လက်ကျန်…


သွေ့ တယ်……
ဘ၀ဟာ အငွေ့ ပျံသွားခဲ့ပြီ……။

ငြိမ်းဇေဦး

မလိုချင်ဘူး..........


မလိုချင်ဘူး..........

ပစ္စုပ္ပန် ကို နောက်ပြန် ခွစီးရင်း
တီးမိတဲ့ ညီညွတ်ခြင်း ဗျတ်စောင်းသံနဲ့
ငြင်းဆိုခဲ့တယ်ဟေ့...
ငါ့ဟာငါ တမေ့တမော..........။

ဇာတ်မျောကြီးပေါ်မှာ
ပဒေသာပင်တွေပေါက်တယ်...။
သောကတောင်ခြေမှာ
လေပြေတွေတိုက်တယ်
နားလိုက်ကြ..
မကျော်ဖြတ်ကြနဲ့...။

အနာဂတ်ဟာ
သားသတ်ရုံဖြစ်တယ်
ဇောတိက အိပ်မက်တွေနဲ့
တန်းစီချီတက်ကြ...။


လှောင်အိမ်ထဲက ရိုကျိုးတဲ့သတ္တ၀ါတွေကို
ချမ်းသာခွင့်ပေးမယ် ဦးညွတ်ကြ...။

ဒုက္ခတွေကို အ၀ စားသုံးခြင်းက
လွတ်မြောက်မယ်
ချမ်းသာမှု
သားရေပြားတစ်ချပ်ကို

ခွေးငတ်လို မြုံ့ ခွင့်ရမယ်...
ဒူးထောက်ကြ...။

အကာအကွယ်မဲ့သူတွေကို
တံတိုင်းတစ်ခုလို အသုံးပြုကြ
ယုတ်မာခြင်းတွေကို ပုလင်းသွပ်ရေခဲစိမ်
ဇီမ်နဲ့ သောက်သုံးကြ..။

ကဲ.... ကိုယ့်သေတွင်း ကိုယ်
သီချင်းလေးဆိုရင်း တူးကြဦးပေါ့...။

ဒါမှမဟုတ် ...
ဒုက္ခ အထောင်အသောင်းကို အရေကြို
နေမညိုခင် ရွှေ စင် သွန်းကြမယ်
လာမယ်ဆိုလိုက်ခဲ့.........။

ငြိမ်းဇေဦး