လာအိပ်
ပေါင်ပေါ်ခေါင်းအုံး
ပင်လယ်ကိုပုခက်လုပ်
လှိုင်းပုတ်သံဂီတနဲ့ မှေး
အပူအပင်တွေ အဝေးလွှင့်ပစ်
ဒီ နေရာလေး..
စင်္ကြ၀ဠာထဲမှာ ကိုယ်ဖျောက်ထားတဲ့နေရာလေးမှာ
နှစ်ယောက်ထဲ..။
စကားတခွန်းမှမပြောကြေး
အသက်ကလေးကို ဖြေးဖြေးရှူ ...
မျက်လုံးကိုဖွဖွမှိတ်ရင်း
နှုတ်ခမ်းလေးနဲ့ပြုံး ပြီး အားလုံးကိုမေ့...။
ငြိမ်းဇေဦး