Sunday, July 6, 2008

သာမည ဖြစ်စဉ်

မိတ်ဆွေတို့ ...
နယူးယောက်မြို့ကြီး ကျပျောက်သွားတဲ့ အာရုံထဲကို
မရဲတရဲ ခုန်မချပါနဲ့
ရမက်ထွားထွားတွေက သင့်ကို ၀ါးမြိုသွားပါလိမ့်မယ်။



ပရိဒေ၀ ကို ၀တ်ဆင်ဖို့ အချစ်ကို ရှာပါ

ဝမ်းနည်းနေရင်တောင် နားလည်ပြုံးပြုံးပါ

လူသားအဆန်ဆုံးလူသားဆန်မှုတွေဟာ
ကမ္ဘာလောကကို ကျကျ နန လုပ်ကြံ နေချိန်မှာ
ကလေးတအုပ်ကို တေးတပုဒ်ဖြစ်ဖြစ် သင်ပေးပါ

နွားခြေရာခွက်ထဲ ဇောက်ထိုးကျသွားချိန်မှာ
နွားခြေရာခွက်ရဲ့ ခမ်းနားမှုကို စာတန်းပြုစုပါ ။

ဘ၀ဆိုတာ တခုခု အမြဲလိုအပ်နေတဲ့ ဖြစ်စဉ်ဖြစ်လေတဲ့အပြင်
လိုအပ်မှုတွေနောက်လိုက်ရင်း
ဘ၀လေးပျောက်မသွားဖို့ ရုန်းကန်ရတာလဲ
ကံကြီးတဲ့ ကိစ္စပေါ့..................။


ငြိမ်းဇေဦး

No comments:

Post a Comment