Monday, November 3, 2008

တကယ်တော့ သူဟာ စန်း ဘော်လီ


ယို့ ......
တယောက်ယောက်ဖြစ်တယ်
ဖြစ်ကိုဖြစ်ရမယ် ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့ကြ
ဒီမှာပဲ ဆမ်းဘော်ဒီ လို့ ကိုယ့်ကိုယ်အသိအမှတ်ပြုလာကြ...။

တညသား ဘွားကနဲလက်မည်းကြီးပြိုကျမှ
ဆမ်းဘော်ဒီအဖြစ် က စန်းဘော်လီဖြစ်ရ
နို့  သိမှ သိပဲကိုး .....။

ငြိမ်းဇေဦး
ဆမ်းဘော်ဒီ = Somebody
စန်းဘော်လီ = မြန်မာပြည်က အမျိးသမီးဝတ် ဘော်လီအင်္ကျီ တံဆိပ်
ဒီကဗျာ ကို ရှင်မင်းညို ပါးညောင်းအောင်ရယ်လွန်းလို့ တင်လိုက်ပါတယ်ဗျာ။

5 comments:

  1. တို့ကတော့ ဆန်းဘော်လီဟုတ်ဘူး...
    Victoria Secret ပဲ...

    ReplyDelete
  2. ဘာအကြောင်းလဲ ရှင်းပြ..။
    နားမလည်လို့..။ :)

    ReplyDelete
  3. ကျောင်းအမရေ..
    အကြောင်းကတော့ ကိုယ့်ကိုယ်ကို somebody လို့ အထင်ရှိတဲ့စိတ်တွေနဲ့ နောက်ဆုံးမှာ somebody မဟုတ်မှန်းသိတဲ့အချိန် ကိုယ့်ကိုယ်ကို ပြန် realize ဖြစ်ချိန်မှာ စန်း ဆိုတဲ့ တံဆိပ်နဲ့ ဘော်လီ ဖြစ်မှန်းမသိဖြစ်နေတယ်လို့  ရယ်စရာပြောတာပါ။ စန်းဆိုတာက မြန်မာ ဇာဘော်လီ လုပ်တဲ့ ဆိုင်တစ်ခုပါ။
    လွန်ခဲ့သော နှစ်များကအထိတော့မြန်မာပြည်မှာ စန်း ဘော်လီ ရှိသေးတယ်ထင်တာပဲ ။ ခေတ်မှီ ယဉ်ကျေးသူ မြန်မာအမျိုးသမီးများအတွက် လူတန်းစားမခွဲခြား ။ အရွယ်အစားမခွဲခြားပဲ တစ်တစ်ရစ်ရစ် ကျစ်ကျစ်လျစ်လျစ် အချိုးအစားကျကျ ရှိခွင့်ကို ပေးပြီး အလှတိုးစေတဲ့ ဘော်လီ လုပ်ငန်းတစ်ခုပေါ့ဗျာ။ somebody မဟုတ်ဘဲ စန်းဘော်လီဖြစ်သွားတာကတော့ ......

    ငြိမ်းဇေဦး

    ReplyDelete
  4. သြော် .. လက်မည်းကြီးကြောင့် somebody မှသည် စန်း ဘော်လီသို့ ပြောင်းသွားတာကိုး :)

    ReplyDelete
  5. တုံးလိုက်တဲ့ ငါ။
    ရှင်းပြပေးတဲ့ ကျေးဇူးပါ ကိုငြိမ်းဇေ။
    နို့..သိမှ သိဘဲကိုး။

    ReplyDelete