Tuesday, March 31, 2009

အေဒီ နှစ်ထောင့်တစ်ဆယ်

အလျော် အစားကတော့
အနာဂတ်နဲ့ ၀ိဥာဉ်ပဲ.....။

ငြိမ်ပေမယ့်
လိမ်နေတဲ့ကောင်

ယုတ်ပေမယ့်
ဟုတ်နေတဲ့ကောင်

ညာပေမယ့်
သာနေတဲ့ ကောင်

ထူပေမယ့်
အူနေတဲ့ကောင်

ကြံပေမယ့်
မဟန်လေတဲ့ကောင်

ပုပ်ပေမယ့်
မြုပ်မနေတဲ့ကောင်



ဟောဒီဂျင်ဝိုင်းမှာ
ကြိုက်ရာကိုထိုး
သောက်ကျိုးနည်း
ခြောက်မျိုးထဲ.....။


ငြိမ်းဇေဦး

10 comments:

  1. အင်း ပုပ်မှတော့ဘယ်မြုပ်တော့မလဲ။ ပေါ်လာတော့မှာပေါ့။

    ReplyDelete
  2. နံပါတ်မှာ ၇ ဗျာ... နံပါတ်မှာ ၇...

    ReplyDelete
  3. :D
    သဘောကျလိုက်တာ..

    ReplyDelete
  4. လျှောဗျာ... လျှော... ကဲ... လျော်တော့ဗျာ..။

    ReplyDelete
  5. ၂၀ ၁၀ က ဘာဟုတ်သေးလို့လဲ
    ၁၀ ၂၀ ဆို နောက်ထပ်ကြာ ၂၄ နှစ်
    ၁၀ ၄၄ မှာ ငကျန်တစ်ယောက်
    မင်းဖြစ်တယ်လို့ သူသားက
    မြစေတီဆိုတဲ့ ကွန့်မန့်ဘောက်မှာ မှတ်ထားရစ်တယ်။
    ဒါဆို အမေရိကန်တွေ၊ အရည်းကြီးတွေ လာမကယ်လည်း အရေးမကြီးတော့ဘူး
    ဘလော့ပေါ်မှာလည်း ငါရို့အမျိုးတွေအကြောင်း
    မကောင်းပြောဖို့ မလိုတော့ဘူးလို့
    ထင်ကောင်း ထင်ကြမယ်။
    ငါ ငကျန်သာ စောလူးကယ်ရင်း မင်းဖြစ်ရတာလို့
    ရာဇ၀င်ထဲ ယရာဇ၀င်ဆရာတွေ ရေးခဲ့ကြတာလား။
    ငစောလူးများရေ သတိအသိနဲ့ နေကြဖို့ကိုလည်း
    သူမှာတမ်းမှာ ရှာမတွေ့ခဲ့ဖူး၊ သူမေ့ကောင်း မေ့နေခဲ့တာ ဖြစ်ရမယ်။
    ငစောလူးတစ်ယောက် မှာခဲ့သင့်တာက
    ငကျန်လာရင် ဒီတခါမငြင်းနဲ့ဆိုတာ
    သမိုင်းဆရာတွေ မေ့ထားရစ်ရမယ်။
    ဒါပေမယ့် ဒို့မျှော်တဲ့ ငကျန်
    ပေါက်တူးရွင်းနဲ့ ရောက်လာခဲ့ရင်
    ၂၀ ၁၀ က သူ့အတွက် မဟုတ်
    ဂုဏ်သိက္ခာမရှိတဲ့ သူ့ရုပ်တု
    သူသဂြိုင်္ဟ်ဖို့ပဲ ဖြစ်ရမယ်။
    အားလုံး ၂၀ ၁၀၊ ၂၅ ၇၅
    လာချင်တာ လာပေ့စေ ဆိုသူတွေ
    ဒါငါ့မွေးဂဏန်းလို့ ဆိုသူတွေ
    တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးသူတွေ
    ဝဋ်ကြွေးကြောင့်ပါလို့ ငိုကြွေးသူတွေ
    အမှန်ကိုပြင်ဆင်ရင်း အားနဲချည့်နဲ့သူတွေ
    အားလုံး ကျန်းမာရွှင်လန်းပါစေ။

    ReplyDelete
  6. ကောင်းရော ..

    ReplyDelete
  7. နေကောင်းရဲ့လားဗျာ။ ကမ္ဘာပဲဖျက်ဖျက်၊ နိဗ္ဗာန်ပဲဆောက်ဆောက်၊ စာလေးတော့ ဆက်ရေးပါ၊

    ReplyDelete