Wednesday, February 13, 2008

လွမ်းတဲ့ …………



လွမ်းတဲ့ …………

အထိမ်း အမှတ်နေ့တွေ
ငပိသိပ် ငချဉ်သိပ်နဲ့ ကျပ်တည်းလှရဲ့...။

ဘယ်တော့မှ ကိုယ့်မွေးနေ့ကိုယ်
ကိတ်မုန့်ချိုလေး တလွှာ
ဖယောင်းတိုင်လေး တချောင်း
မိတ်ဟောင်းမိတ်သစ်တွေနဲ့
မကျင်းပ ဖြစ်ခဲ့မှတော့
ဘာနေ့ ညနေ့ တွေမှာ
နားစမ်းပါ ............တောသွားပြော........။


အရင်လို ဟန်ဆောင် ရင်း
ဘယ်လင်တိုင်း လက်ဆောင်တွေ ပေးချင်ပေး
ပေးတာကို ယူ ချင်ယူ
ချူ ဆွဲခံလိုက်တဲ့
ဂဏန်းပေါင်းစက်တလုံးရယ်...
အချစ်ဆိုတာ ထပ်တိုး ကိန်းဂဏန်း လောက်
တန်ဘိုးမရှိပါဘူး..........။

လှပါရဲ့....
ချိုသာလှရဲ့....
အထက်တန်းလဲကျရဲ့....
ဖာရုပ်နဲ့ ဖျာစုတ်ပေါ်မှာ
နှုတ်ခမ်းနီဆိုးရင်း
ဖောက်သည်ရှာကြည့်စမ်းဟေ
အချစ်ဆိုတာ ရင်းနှီးမြှုပ်နှံစရာလေ
ဘယ်လင်တိုင်းမှာ သေ လိုက်တော့.........။

သေတဲ့အလောင်း
ဖယောင်းပုံသွင်း သီချင်းနဲ့ ချော့သိပ်ချင်တဲ့
ငါ့စိတ္တဇ
ဒေါသတွေနဲ့ သိပ်လွမ်းတယ်...........။


ငြိမ်းဇေဦး



Tuesday, February 12, 2008

ဒီလို..ဒီလို ဟဲ့…


ဒီလို..ဒီလို ဟဲ့…

ငါ့ရဲ့အဖြူစင်ဆုံးလေးရယ်
ဆပ်ပြာသည်လင်ပျောက်တဲ့အဖြစ်နဲ့
ပြာယာခတ်အောင်ချစ်ခဲ့ရတာ ကွယ့်....။


အမြဲတန်း လွမ်းအောင် များ
ပြုစားတတ်သလား ငါမသိ...။


ခလုတ်ထိ တိုင်း အမိ မတဖြစ်ခဲ့တာ ကြာပေါ့
အမေကတော့ အပြစ်တင်မယ် ဟဲ့.....။

ရင်နဲ့အမျှ
နင်နဲ့မှ
ဘ၀ ပီသတယ် ထင်တဲ့
လူတွင်ကျယ် မဖြစ်ညစ်ကျယ် ပါကွယ်....
ချစ်တယ်.... ဟဲ့...ချစ်တယ်...။

ငြိမ်းဇေဦး