Friday, April 18, 2008

Thursday, April 17, 2008

ပဲ့ရွဲ့ ဆန္ဒများ





ပဲ့ရွဲ့ ဆန္ဒများ

သိပ်များများ စားစားမလိုဘူး
လရောင်ရယ်
မြက်ခင်းရယ်
လေပြေရယ်
တောင်တန်းရယ်
စမ်းချောင်းရယ်
တယောတစ်လက်ရယ်
ချက်အရက်တလုံးရယ်
ငါးစင်ရိုင်းကြော် တစ်ပန်းကန်ရယ်
တခါတရံကြွေတတ်တဲ့
ကြယ်တွေရယ်….။

တကယ်တော့
တွေဝေမေ့မောတတ်သူ အတွက်
တယောတလက်ကို
အာရုံမတက်ခင်
ဘယ်သူအသက်သွင်းပါ့…….။

ငြိမ်းဇေဦး