ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Monday, May 31, 2010
ဘ၀ပြတင်း
ကိုယ့်ကိုယ်ကို တခါတခါ
မယ်မယ်ရရ စိတ်ပါလက်ပါ
ပစ်ပစ်ခါခါ စိတ်ဆိုးလာတယ်.....။
စမ်းကျရေစင် လဲမဖြစ်ချင်ပါဘူး
ချစ်သူအတွက် အေးမြသန့်စင်တဲ့
ရေသန့် ဗူးကလေးပဲဖြစ်ချင်
ဝန်ထုတ်ဝန်ပိုးလို့ မမြင်ပါနဲ့ကွယ်
နှစ်ဦးဘ၀ဆိုတာ ကျင်တွယ်ကိုက် စရွေးကိုက်
နားလည်မှုနဲ့တည်ဆောက်ရတာပါ။
ဒီနားလည်မှုထဲမှာ မွှေးပွ ၀က်ဝံရုပ်ကလေးလဲ
ပါမှာပဲ။
ဒီနားလည်မှုထဲမှာ မွှေးမြနှင်းဆီလဲ
ပါမှာပဲ ။
ဒီနားလည်မှုထဲမှာ
မလိမ်မိုးမလိမ်မာ လူစည်တဲ့ပွဲလည်ခေါင်
ဗိုက်ထနာသလို မဆင်မခြင်ဖြစ်မှုတွေလဲပါမှာပဲ
ဒါတွေကို
အဲ့ဒါတွေကို
ရွေဘော်ထိုး ဆောက် ရိုက်ပြီး
ကျကျနနတည်ဆောက်မှ
ဟောဒီ ကိုကိုတို့  အနာဂါတ် ပြတင်းပေါက်ကလေး
ဖြစ်တည်မယ်ကွယ် ..........။
အချစ်ရယ် ဒီည စောင့်မယ်နော်.............။
ငြိမ်းဇေဦး
ချစ်သူလေး ယခုမွေးနေ့မှသည် နှစ်ပေါင်းရာချီ ရှင်သန် ပျော်ရွှင် ချမ်းမြေ့ပါစေ ။
ကိုကို
Sunday, May 16, 2010
ဗလာစက်ဝိုင်း
သိုလှောင်ထားခဲ့တဲ့ဗလာတွေ
ပြည့်နှက်ခဲ့ပြီ ။
မနက်ခင်း မိုးစက်တွေရေ
မင်္ဂလာပါ ။
အနီရောင်ငှက်ကလေးရေ
မင်္ဂလာပါ ။
သစ်တောစိမ်းစိမ်းရေ
မင်္ဂလာပါ ။
ဒီမှာ..........
ဗလာတွေခင်းထားတဲ့ကော်ဇောကြီးပေါ်
ဗလာတွေကို သွန်ချ
ဗလာတွေကို မျှော်ရင်း
ဗလာတွေပြန်ဝေလို့
ဗလာတွေ နဲ့ ကြီးပြင်း
ဗလာ သံခင်းတမန်ခင်းတွေ
ဗလာ ကော်ဖီဝိုင်းတွေ
ဗလာ ညစာစားပွဲတွေ
ဗလာ ဧည့်ခံပွဲတွေ
ဗလာ အပြုံးတွေ
ဗလာမျက်လုံးတွေ
ဗလာ နှုတ်ခမ်းတွေ
ဗလာ ပဋိသန္တာရတွေ
ဗလာအကြောင်းပြချက်တွေ
ဗလာတွေ ပြန်သိမ်းလို့ 
နေရောင်ငြိမ်းအိမ်အပြန်မှာ
ဗလာတွေ တလှေတိုက်နဲ့
ဗလာတွေ သေချာပိုက်လို့.............
သိုလှောင်ထားခဲ့တဲ့ဗလာတွေ
ပြည့်နှက်ခဲ့ပြီ။
ငြိမ်းဇေဦး
ပြည့်နှက်ခဲ့ပြီ ။
မနက်ခင်း မိုးစက်တွေရေ
မင်္ဂလာပါ ။
အနီရောင်ငှက်ကလေးရေ
မင်္ဂလာပါ ။
သစ်တောစိမ်းစိမ်းရေ
မင်္ဂလာပါ ။
ဒီမှာ..........
ဗလာတွေခင်းထားတဲ့ကော်ဇောကြီးပေါ်
ဗလာတွေကို သွန်ချ
ဗလာတွေကို မျှော်ရင်း
ဗလာတွေပြန်ဝေလို့
ဗလာတွေ နဲ့ ကြီးပြင်း
ဗလာ သံခင်းတမန်ခင်းတွေ
ဗလာ ကော်ဖီဝိုင်းတွေ
ဗလာ ညစာစားပွဲတွေ
ဗလာ ဧည့်ခံပွဲတွေ
ဗလာ အပြုံးတွေ
ဗလာမျက်လုံးတွေ
ဗလာ နှုတ်ခမ်းတွေ
ဗလာ ပဋိသန္တာရတွေ
ဗလာအကြောင်းပြချက်တွေ
ဗလာတွေ ပြန်သိမ်းလို့ 
နေရောင်ငြိမ်းအိမ်အပြန်မှာ
ဗလာတွေ တလှေတိုက်နဲ့
ဗလာတွေ သေချာပိုက်လို့.............
သိုလှောင်ထားခဲ့တဲ့ဗလာတွေ
ပြည့်နှက်ခဲ့ပြီ။
ငြိမ်းဇေဦး
Subscribe to:
Posts (Atom)