လက်သုတ်ခဲ့သောပြက္ခဒိန်စက္ကူဟောင်း…
အတိတ်ဟာ နွမ်းပါးတဲ့
ဂယ်လရီဟောင်းတခုပါကွယ်
အလောင်းဟာရေချိုးကြွေကန်ထဲမှာ
ရေပူစိမ်တယ်
ကွန်ချားတိုးတငြိမ့်ငြိမ့်နဲ့..။
ဟီလာရီ
မိုနီကာလူဝီစကီတို့နဲ့
မသိကျွမ်းတဲ့ဆေးပြင်းလိပ်ရယ်
ပါတိတ်အကျီ င်္တထည်ရယ်
စန္ဒယားတစ်လုံးရယ်…
ဆေးခြောက်တဆုံစာရယ်
ဖာသည်တစ်ယောက်ရယ်
ကြိုက်ကုန်းတစ်ယောက်ရဲ့ နှုတ်ခမ်းနီရယ်
ကြွယ်ဝလှရဲ့……….။
ငါဟာ…
ကန့်လန့်ကာအကွယ်မှာ
ငါ့ဇာတ်ငါ ခန့်ခွဲလို့
လန့်ကွဲသွားတဲ့ ပုလင်းတစ်လုံးနဲ့
သီချင်းဆုံးအောင် ဆိုရင်း
တမျှဉ်းမျှဉ်းမျောတဲ့ဈာန်
ဟန်ဆောင်ရွက်လွှင့်ခဲ့ရတာလဲ အကြိမ်ကြိမ်…။
စိန်လက်စွပ် တကွင်းနဲ့
ပစ်ဖမ်းခံလိုက်ကြစမ်း…
သန်းထူမယား တဲ့အဖြစ်တွေ
ရေစီးကမ်းပြိုလိုက်တဲ့ ယားကျိကျိညနေတွေ
ရမက်ရေစိုရွှဲစ
အပျိုရည်အမြှေးပါးတလွှာဟာ
ဖိတ်စာတချပ်ပါပဲကွယ်…
မိရိုးဖလာကိုမလွန်ဆန်နိုင်သူတွေအတွက်ပေါ့……….။
တကယ်တော့ ငါ့အတိတ်ဟာ
တပိဿာ မရှိတရှိ အတ္တတစိုင်ပါ
ဒီမှာ……. ဘီယာနဲ့မြည်းချင်ရင်………..။
ငြိမ်းဇေဦး
ကဗျာက အဆင့်နေလို့လား
ReplyDeleteဥာဏ်မမီလို့လား မသိဘူး
သိပ်နားမလည်ဘူး
နည်းနည်း ပြင်းတယ် ... မြင့်တယ် ... ကြိုးစား ဖတ်ရှု သွားပါတယ် :D
ReplyDelete