ခပ်ညံ့ညံ့မို့လို့ ၀က်သားတုတ်ထိုးသည်မနဲ့
အလျဉ်းသင့်တယ်ထင်လဲ ထင်ပေါ့
တကယ်တော့ငါချစ်တာ နင်ဟဲ့…။
ဝက်သားဟာ အဆီတ၀င်းဝင်း
အမယ်..ညိုဝါကျင့်ရောင်လေးသမ်းလို့
နှုတ်ခမ်းဖျားမှာတင်
အသားကုန်ဆွဲချင်စရာ
ငါဗိုက်ဆာတဲ့အခါတောင် နင်အဲလောက်လှပါသေးတယ်
ကောင်မရယ်…. ။
နင့်နှုတ်ခမ်းက ငရုတ်ဆီကြမ်းတွေလို
ရဲရဲစိုလို့ ဘယ်လို ငါ မေ့နိုင်ပါ့…
ဘယ်လိုညတွေ ငါတို့ဖြတ်သန်းတယ်ဆိုတာလဲ နင်အသိဆုံး
ဘယ်လို ရင်ခုန်သံတွေကို လက်ပြန်ကြိုးတုတ်ခဲ့တယ်ဆိုတာလဲ
နင်အသိဆုံး
ငါးဖယ်ပြုံးပြုံးလို့ တညလုံး..။
ကဲမိုးစုန်းစုန်းချုပ်ပြီ ငါပြန်ဦးမယ်
တုတ်ထိုးသည်ရေ…..။
ငြိမ်းဇေဦး
No comments:
Post a Comment