ခပ်တုံးတုံး
တချို့ မိန်းမတွေက အသည်းကွဲရင် အသေ၀ါးတယ်။
တချို့မိန်းမတွေက အသည်းကွဲရင် ဈေးထဲ ပတ်တယ်။
တချို့ မိန်းမတွေက အသည်းကွဲရင် မာချဉ်ချဉ်နဲ့ ရွဲ့ တယ်။
တချို့မိန်းမတွေက အသည်းကွဲရင် မရဲတရဲစာရေးတယ်။
တချို့မိန်းမတွေကအသည်းကွဲရင် တရားပွဲသွားတယ်။
တချို့မိန်းမတွေကအသည်းကွဲရင် ကွဲတဲ့အသည်းဆွဲဖြုတ်လက်သုတ်ပုဝါလုပ်တယ်....။
ငါကတော့နှုတ်ခမ်းကိုသုတ်လို့....။
ငြိမ်းဇေဦး
ခပ်တုံးတုံးဆိုတော့
ReplyDeleteခပ်ထက်ထက်လေးတွေက ဘိုမျိုးလေးလည်း ပြောပြဦး :P
ဟုတ်တယ် ဘကြီး နှင်းပွင့်မေးသလိုပဲ လုံမလည်းသိဘူးကောပဲဗျ ... ပြောပြပါဦး...:P
ReplyDelete