လူဖြစ်လာတာနှစ်ပေါင်း သုံးဆယ်ကျော်ပြီ
ဒီနှစ်သုံးဆယ်ကျော်မှာ ခေါင်းခါခြင်းအတတ်ကို
သိပ်နောက်ကျမှ တတ်ခဲ့ရတယ်
ဘယ်သူ့အပြစ်တင်ရမယ်ဆိုတဲ့ လက်ညှိုးကိုလဲ
ဖြောင့်ဖြောင့်မထိုးတတ်သေးဘူး
ခင်သမျှကို ရင်ဝသွန်ပြီး ဆက်ဆံတာ
ဟင့်အင်းဆိုတဲ့ စကားတစ်လုံးကို
အများဆုံး သုံးခဲ့တာ တဘ၀လုံးမှာ
အခါ တရာမှ ပြည့်ပါ့မလား။
သံသယတွေဆင်းရဲတယ်
စဉ်းစားဥာဏ်နည်းခဲ့လို့ထင်ပါရဲ့။
ဘ၀ပေးချစ်မိသူကို
တညလေးမှ ပျော်အောင်မထားတတ်အောင်
ခပ်ကြောင်ကြောင်ညံ့ဖျင်းခဲ့တာ
ချစ်သူအပေါ်မှာ ပျော်ပါစေဆိုတဲ့စိတ်ရင်း
ချစ်သူကို ဘ၀ထက်ပိုချစ်တဲ့စိတ်ရင်း
အဲဒီစိတ်ရင်းတွေကို ကြောင်လက်သည်းလိုဝှက်ထားတတ်တာ
ချစ်သူက မုန်းတယ်ပြောရင်တောင်
ချစ်သူကို ၀မ်းနည်းပြုံးနဲ့နားလည်စေချင်တဲ့
အားငယ်တတ်သူဖြစ်သွားတာ။
ငါဟာ
ဘ၀ကို ကျရာနေတဲ့ ရွက်ကြွေပါပဲလား
အချိန်မှားတွေကို စိန်သွားနဲ့ထိုးခွဲလို့
လှလှပပ
ငြင်းဆန်ဖို့သင်ယူဦးမှ.......................။
ငြိမ်းဇေဦး
အစ်ကို ဇေ ငြင်းဆန်တတ်ဖို့ တတ်သွားရင်လည်း မှူးကိုလည်း မမေ့နှင့်အုံး။ သင်ယူချင်လို့ပါ။ :P
ReplyDelete