
မိုးတွေရွာနေတယ်
မိုးစက်တွေ...
တဖျောက်ဖျောက်ကို ကျနေတာ
ကမ္ဘာလောကကို ဖနောင့်နဲ့ဝိုင်းပေါက်နေကြတာ
ဆူမှ ဆူပေါ့.........။
ကမ္ဘာကြီးက သူ့အသားတွေကို ဖဲ့ချခွင့်ပေးလိုက်တယ်
သူ့အရေပြားပေါ်မှာ ဒဏ်ရာတွေဖြစ်
သူ့အတွင်းသားထဲကို ယိုစီးထိုးဖောက်....။
ကမ္ဘာကြီးကတော့ မိုးပေါက်တွေကို
ငြူစူ ငြိုညင်မှုမရှိတဲ့အပြင် သူ့ရင်ခွင်ထဲကလွင့်မှာစိုးလို့
ရှိသမျှ ဆွဲအားနဲ့ လွင့်ထွက်မသွားအောင် ဆွဲပေးရှာရဲ့...။
အဲသလိုချစ်ခဲ့တာပါ
ငါ့ဘ၀ကိုဆွဲနှစ်သွားခဲ့ရင်တောင်
မင်းရပ်တည်နိုင်အောင် အနစ်မြှပ်ခံဦးမှာတဲ့....................................။
ငြိမ်းဇေဦး
ချစ်မေတ္တာကို နက်နက်ရှိုင်းရှိုင်း ဖွင့်ဟလိုက်သလို ပါပဲ။ ထိတယ်ဗျာ။
ReplyDelete