
ပင်လယ်ကြီးဟာ မူးပေနေတာပဲ
သောက်ထားတာလေ သူ့ ကိုယ်သူသောက်ထားတာ
ပြီးတော့ လှိုင်းပုတ်တိုင်း ထွီ ကနဲ ထွီ ကနဲထွေးရင်း
အမလေး ငံလိုက်တာ လို့ အမြဲ မြည်တွန်တောက်တီး...။
ကမ်းခြေက သဘာဝအလှတွေ ပြူးပြဲထွက်နေတာ
သူက စိတ်ဝင်စားမယ်ထင်သတဲ့လား
ဘီကီနီပါးပါးအောက်က အသားစိုင်တွေ...
အသားစိုင်တွေ ...
“မှားတောင်မကိုင်ဘူးကွ”တဲ့ အဲလို ကြွေးကြော်တာ
တခါထဲ ငုံပစ်လိုက်တာကိုး ပြောအားရှိမပေါ့....။
သောက်အားကလဲကောင်း
ဝါးမြိုအားကလဲ အံ့မခမ်း
ဗွမ်းကနဲ ဗွမ်းကနဲလဲ အန် အန် ချ
အဲဒီ ပင်လယ်ဝ က မီးပြတိုက်လေး လို
ငါ တယောက်ထဲ ပင်လယ်ကို ငေးနေမိလိုက်တာ..........
ပင်လယ်ဟာ နေ ကို ပါ မြို ချသွားပါရောလား.............။
ငြိမ်းဇေဦး
No comments:
Post a Comment