ရေးသားခြင်းဖြင့် မွေ့ပျော်သည့် လူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စိတ်ကူးပေါက်လျှင် ရေးချင်ရာရေး၏။
Friday, October 3, 2008
မျက်နှာဖုံးများဖြင့်ကိုယ့်ကိုယ်ကိုယ်သဂြိုင်္လ်မှု
အသက်အရွယ်က ရှက်ရယ် ရယ် ရတဲ့ ကာလကို
ခြေတပေါင်ကျိုး ခုန်ဝင်ခဲ့ပြီ။
ဆရာတော်ကြီးက
“ ဟဲ့ မောင်ငြိမ်း အချိုလား အချဉ်လား..”
ငယ်ငယ်တုန်းက နေ့လည်စာ ...
မေးနေကျ စကား
“နှစ်ခုလုံးပါဘုရား....”
အဲလို ပြန်ဖြေနေကျ
ထည့်ပေးသမျှ ၀က်သား ၊ကြက်သား
ပဲဟင်း ချဉ်ဟင်း ဟင်းပေါင်းစုံစား
ပြီးတော့ဗိုက်ကား
ကွမ်းသီးတောကြားက ကွပ်ပျစ်ပေါ်မှာ ဇိမ်ယစ်
နေ့ခင်းဖက် ခြေပစ်လက်ပစ် မိမိရရ
အဲဒီဘ၀ တခါက
ဘာမှ ပူစရာမလို...။
ဆရာတော်ကြီးလဲ ဘ၀နတ်ထံပျံလွန်ခဲ့ပြီ
မောင်ငြိမ်းလဲ ငရဲအသစ်စက်စက်တွေကို ခုံမင်ခဲ့ပြီ
ခုနေများ ...
ဆရာတော်ကြီးက
ဟဲ့မောင်ငြိမ်း အချိုလား အချဉ်လား မေးလာရင်ဖြင့်............။
ငြိမ်းဇေဦး
Subscribe to:
Post Comments (Atom)
အင်း ... တပည့်တော် မ၀ါးနိုင်တော့ပါဘုရားလို့ ပြောရမယ့်အချိန်ကို ၀င်တော့မယ် ကိုငြိမ်းရေ ...။
ReplyDelete