ပရိဿတ်အခြွေအရံရှားပါးတဲ့တန်ဘိုးကို
ဗန်ဂိုးမသေခင်သတိထားမိတယ်ဆိုရင်
ကြယ်စင်တွေစုံတဲ့ည နဲ့ သူက ကျေနပ်ခဲ့မှာပဲ။
အခြွှေအရံအသိုင်းအ၀ိုင်းတွေရဲ့ စိတ်ရိုင်းသားရဲတွင်းမှာ
သွေးချင်းချင်းနီဖူးတဲ့အခါ ဆရာဇော်ဂျီရဲ့ဗေဒါပျံ
လေမှာလန်ပြီး မြစ်ရေစီးမှာ ကိုယ့်ကိုယ်ကိုယ်နှစ်သေကောင်း
သေလိမ့်မယ်။
အကြောင်းတရားကတော့ ခေါင်းစားစရာပဲမိတ်ဆွေ
ပြုံးနေတဲ့မျက်နှာတွေမှာ မလိုတမာစိတ်တွေနဲ့
အိပ်နေတဲ့ မြေခွေးတကောင် အမြဲရှိတတ်တယ်
ခင်ဗျားမှာလဲရှိတယ် ကျုပ်မှာလဲရှိတယ်
သေဆေးနဲ့သတ်လို့မရတဲ့မြေခွေး
ဒီတော့ ခပ်ဝေးဝေးနေတာပိုအပြစ်မကင်းပေဘူးလား။
ကဲ....ပြောရင်းဆိုရင်း
ကျီးတသိုက်နဲ့ ဘုတ်တသင်း
အချင်းချင်းမြှောက်ပင့်နေကြပြီ
အသုဘ ဖဲဝိုင်းမစည်မှာလောက်အတွက်နဲ့တော့
ဈေးလျော့သွားတဲ့နှစ်ချို့ပြည့်တန်ဆာလို
တွေ့ရာပြုံးပြဖိတ်ခေါ်လို့ အိပ်ပျော်ဖို့ မကြိုးစားတော့ဘူး.....
ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် နေမညိုခင်
ဧကစာရီ ကျင့်ကြံခြင်း မနောအကြည်စိတ်နဲ့
တောမှီ သစ်ရိပ်ခိုရင်း
တိတ်ဆိတ် ထည်းတည်းနေထိုင်ခြင်း ဣရိယာပုတ်မှာ
တရားတော်နဲ့အညီ နေခဲ့ပါရစေ.......................။
ငြိမ်းဇေဦး
ဒီကဗျာလေးလဲ ကောင်းတာပါပဲ
ReplyDeleteတို့ကတော့ appreciate လုပ်ကြတဲ့ မိတ်ဆွေအချင်းချင်းကို ကျီးနဲ့ ဘုတ်လို့ မယူဆသလို မြေခွေးတွေအတွက်လဲ ခေါင်းစားဖို့ အချိန်မပေးနိုင်ပါဘူး။
ကိုယ့်အကြည်ဓာတ်လေးနဲ့ ကိုယ်နေတာ အကောင်းဆုံးပေါ့၊ သဘောတူပါတယ်။
ဟုတ်တယ်မဟုတ်လား ကိုငြိမ်းဇေ..
ဟုတ်လိုက်လေ နှမကြီးရယ်။
ReplyDeleteဘဇေထ မိတ္တေ ကလျာဏေ ဆိုတာကိုလည်းအသိအမှတ်ပြုပါရဲ့ဗျား။
ပြုံးစရာကို နှလုံးနာဖို့ မလိုတာကိုလဲ သတိထားမိပါရဲ့။
ငြိမ်းဇေဦး