ကာလတရားဟာ ကမ်းပါးတွေဖြစ်တယ်ဆိုရင်ပေါ့........
ဖြန့်ခင်းပစ်လိုက်တယ်
တကယ့်ကို စိတ်ရှည်လက်ရှည် .....
သံယောဇဉ်တွေကိုလေ.....
ဘာလိုလိုနဲ့  ရေစီးသန် မြစ်မကြီး တစ်စင်းစာတောင်ဖြစ်သွား....
တကယ်တော့ ဒီထဲမှာပဲ နစ်သွားခဲ့ရတာပါ
အဲဒါနဲ့ ငါဟာ ဆံပင်ဖြူ တချောင်းကို
အားကိုးတကြီး ဆွဲယူ ကူးခတ်ခဲ့ရ
ကမ်းပါးကတော့ ယဲ့ယဲ့ပြို နေကလဲ ညို ညို လာ
ကတ္တီပါ ဖိနပ်တရံ တဖြေးဖြေးပါးသွားသလို.............
အေးပါလေ နေတတ်ပြီဆိုရင်
ညနေညိုဟာ....
အဟောင်းဆုံး အကောင်းဆုံး မော်ဒန် ပန်းချီတကားတောင်ဖြစ်နေသေး
ဖြေးဖြေးကူးလို့ လေရူးကို ခံစား တတ်ဖို့ လဲ နားလည်လာ....
ဒီလိုနဲ့ ဆံပင်ဖြူဟာ....
အနက်ရောင် ဂျာကင်တထည်ဝတ်လို့ 
့စိတ်ကူးမာတီနီတွေ ဖျော်စပ်
ဒီမှာ အကောင်းဆုံး နစ်တတ်ခဲ့ပြီ............။
ငြိမ်းဇေဦး
ကဗျာ လာဖတ်ပါတယ်ဗျာ :)
ReplyDeleteဒီဘလော့ဂ်လေးကိုလဲ ကဗျာလေးတွေ အရမ်းကောင်းတယ်ဆိုတဲ့ သံယောဇဉ်နဲ့ လာ လာမိနေတတ်ပြီ..
ReplyDelete