တမေ့ကြာမှ
ရှူထုတ်ပစ်လိုက်တဲ့ လေတွေလို
မပြောမဆို
တထိုင်ထဲပြိုကျတဲ့ မိုးစက်တွေလို
စိုထိုင်းညိုစွေးနေတဲ့ မြေသားက
ဘွားကနဲ ရုတ်တရက် ထိုးထွက်လာတဲ့
အညှောင့်ပေါက်သစ်တပင်လို
အရာရာဟာ အစီအစဉ်တကျ
ဘယ်တော့မှ ပြန်မဆိုက်မယ့် ဘူတာစဉ်တွေကို
ဇတ်ကနဲဇတ်ကနဲ ဖြတ်ဖြတ်သွားကြတယ်။
ဟောဒီ စိတ်ဟာ တခါဖူးမှ ဒီလောက်မကြည်လင်ခဲ့ဖူးတော့
ကြုံကြုံသမျှ ကြည့်ချင်ပွဲပေါ့။
စိတ်ဟာ..
ဓါတ်ခွဲခန်း က ဖန်ပြား လို
စိတ်ဟာ...
ဓါတ်ခွဲခန်းက အနုကြည့်မှန်ပြောင်းလို
စိတ်ဟာ...
ဖြတ်သန်းလာသမျှ အရာရာကို
ဘာနာမည်မှ မတပ်ပဲ အတိုင်းသားထိုင်ကြည့်နေတယ်...
ဒို့ မြို့ လယ်ကွင်းစပ် ဇီးပင်အောက် ညနေခင်းမှာ
အမြန်ရထားကြီးဖြတ်သွားတာကို ငေးမိသလိုမျိုး။
စိတ်ရဲ့အကြည်ဓါတ်တွေဟာ
အချိန်ကာလနဲ့ကင်းလွတ်ရာ
နေရာဒေသနဲ့ကင်းလွတ်ရာ
သူ့ ဟာသူ ဖြစ်နေရဲ့။
ဘ၀ဆိုတာ သတ္တ၀ါတခုစီရဲ့
အရှည်ကြာဆုံး ဈာပန
အမြဲ ရှင်သန်တဲ့ ပရမတ္တဆိုတာ
ခုပဲ.. သေသွားတဲ့အာရုံတွေက သက်သေပြသွားရဲ့...။
စိတ်ဟာ...
သူ့ဈာပန သူရှုလို့ ပူမှုတွေဆယ်ကုဋေနဲ့ 
အမှုပွေ အမှိုက်ရှုပ် ဟန်လုပ်ဦးတော့မယ်....။
ငြိမ်းဇေဦး
ဖတ်သွားပါသည်...။ နည်းနည်းမြင့်နေတယ်...:):)
ReplyDeleteတရားမှတ်တဲ့ အကြောင်းလား
အဲဒီ စိတ်ကလည်း အဲဒီလောက်ကို ကြည်လင်ဖို့ ကဗျာရှင်အနေနဲ့ အတော်ကို ခက်မလားပဲနော်။
ReplyDelete