မီးစာနှိမ့်ထားတဲ့ ဖန်အိမ်လို
ကိုယ့်ကိုယ်ကိုယ်မြင်ယုံလေးပဲ.................
နေခဲ့တဲ့ သူပါ..........
အလှသိပ်ကြိုက်ပြီး
ပျင်းလှပါတယ်ဆိုတဲ့ မိန်းမတယောက်ရဲ့
မှန်တင်ခုံကြေးမုံပြင်လို စိတ်ဟာ အစက်အပျောက်တွေ များလှပြီ
ဆိုတော့လည်း..................
ပါရီမြို့ ဟာ ဘောင်းဘီချွတ် ပက်လက်လှဲရင်း
ဲ အီဖယ်မျှော်စင်ကြီး ပြပြပြီး ညှိ့အားတွေ ကောင်းနေသလို
ထွားကျိုင်း သန်မာ နေရမှုတွေ ကို ငြီးငွေ့ လာခဲ့ပြီးသားပေမယ့်.........
ခြံစည်းရိုးအပြင်ကလူအချင်းချင်း
ငါတို့ ကပိုနီးသူတွေဆိုတဲ့ ကယ်တင်ရှင်တွေ ကို ကောင်းချီးပေးဖို့ 
အဲဒီမှာ
ငြိမ်းဇေဦးဟာ ပါရီမြို့ကြီးလို မဖြစ်မနေ
နေ ... နေ... ပစ်ရတော့တာပါပဲ..................။
ငြိမ်းဇေဦး
ဟာ..ပါရီမြို့ကြီးလို နေသတဲ့။ လစ်မှ..
ReplyDeleteပါရာဇီယန်လုပ်မယ် စာရင်းသွင်းတယ်
ReplyDeleteယဉ်ကျေးစွာ နွှာခြင်းအနုပညာကို လေ့လာသင်ယူသွားပါကြောင်း ...
ReplyDeleteအေးဗျာ ဒါဆိုရင်တော့
စင်္ကာပူရဲ့ esplanade ကတော့ ချောင်းနံဘေးမှာ နေပူစာလှုံနေတဲ့ အပျိုမလို့ ပြောရမယ်ထင်ရဲ့နော်
(အားလျားမှောက်လား ပတ်လက်လားတော့ မခြဲတတ္ဘူးခင္မ်)