Friday, December 12, 2014

ငါ့တိုင်းပြည်

  ငါ့မှာဘယ်လိုများ ၀ံပုလွေနဲ့ ရင်ကြားစေ့ရမလဲကွယ်
  ငါ့မှာ ရင်ကြားစေ့ရေးမရှိဘူး
  ငါဟာ ၀ံပုလွေ ဘာသာစကားမပြောဘူးလေ။

 
 ငါဘယ်တုန်းကမှ ယုံကြည်ခြင်းတွဲလက်
 မဖြုတ်ရက်ခဲ့ဖူးတဲ့ငါ့မျိုးဆက်တွေ
 ခုတော့ ၀ံပုလွေ ဘာသာဗေဒတွေတတ်မြောက်
 စကားတွေတူ...
 အူပုံတွေ ညီ
 ငါမစွန့် ပစ်ခဲ့တဲ့ငါ့တိုင်းပြည်ရေ
 ဒီမှာ....
 ငါ မပြန်တော့မယ့်လမ်းကို
 ငါလှမ်းလှမ်းငေး.......။



  ငြိမ်းဇေဦး

No comments:

Post a Comment