Saturday, June 7, 2008

တွင်းထွက်မဟုတ်သော





ငါတို့ မှာ အခွံတခုမရှိခဲ့မှတော့
ငိုမနေနဲ့ ပေါ့ အချစ်ရေ
မျက်ရည်တွေ ပုလဲဖြစ်တဲ့ အထိ။

ငါ့ရင်ကိုခွဲကြည့်ရင်လဲ
ပတ္တမြားတခဲမရှိမယ့်အတူတူ
အငိုရပ်လိုက်ပါအချစ်ရေ...။

ငါလဲ ရင်ဘတ်ကို ပြန်စေ့
ရင်ငွေ့ ပေးလို့  ထွေးပါ့မယ်
တိတ်တော့ကွယ်နော် .........။

ငြိမ်းဇေဦး

1 comment:

  1. လှတယ်ဆိုတာထက် ဘယ်စကားဟာ သိမ့်မွေ့ သေးလဲ..
    ခင်ဗျားကို ကင်ပွန်းတပ်ချင်လို့ ...

    ReplyDelete