Saturday, June 7, 2008

ဝိရောဓိ လိပ်


ဘုရား က လဲ
“ချစ်သား.. ငါအားကြီးစိတ်ညစ်တယ်”လို့
မစို့ မပို့  တောင်းဆုတွေ အတွက်
စိတ်ပျက်လက်ပျက်ငြီးခဲ့ပြီ။

ပဌာန်း ဒေသနာ ကို
အလွမ်းဝေဒနာနဲ့ရွတ်ခဲ့တာလဲ
တခါရွတ် မိနစ် သုံးဆယ်
မုန်းတယ်... ဆိုတဲ့ စကားကို တောင်
အရှိအတိုင်းလက်ခံဖို့
အရေခွံက ပါးရသေး။

သမ္မာကျမ်းစာနဲ့
လွမ်းနာကို ဖယောင်းချက် ကပ်ကြည့်ပြန်တော့လဲ
အာမင် ပဲ အဖတ်တင်ခဲ့တာ အကြိမ်ကြိမ်...။

လမင်းကြီး ပိန် ကပ် နေတဲ့ ကောင်းကင် နိုင်ငံကို
မှောင်ပြီဆို မော့ကြည့်ရတာအမော။

ဒါနဲ့ ပဲ .... ၀ါယမစိုက်ထုတ်မှုတွေ
ကြွပ်ကြွပ်အိတ်ထဲထည့်လို့
နှုတ်ဆက်ခဲ့ရတာလဲ ဒုနဲ့ဒေး။

မတွေးချင်တော့ပါဘူး
တဖက်ကမ်းရောက်ဖို့ .....
လက်ပစ်ကူးတတ်ရင် ဖြစ်ပါတယ် ဆိုတဲ့ စိတ်နဲ့
ပင်လယ်ဘေးအိပ်ခဲ့တာကြာပေါ့...........။

ငြိမ်းဇေဦး




3 comments:

  1. မတွေးချင်တော့ပါဘူး
    တဖက်ကမ်းရောက်ဖို့ .....
    လက်ပစ်ကူးတတ်ရင် ဖြစ်ပါတယ် ဆိုတဲ့ စိတ်နဲ့
    ပင်လယ်ဘေးအိပ်ခဲ့တာကြာပေါ့...........။

    အဲဒီစာသားကို အရမ်းကြိုက်တယ်။ စာသားက ဟာသဆန်သလိုလိုနဲ့ အဓိပ္ပါယ်လေးနက်တယ်။

    ReplyDelete
  2. လက်ပစ်ကူးတတ်ရင် ဖြစ်ပါတယ် ဆိုတဲ့ စိတ်နဲ့
    ပင်လယ်ဘေးအိပ်ခဲ့တာကြာပေါ့...........။

    နိဂုံးလေးအရမ်းကြိုက်တယ်ဗှာ။ ဆန့် ကျင်ဘက်နှစ်ခု တွဲသုံးလိုက်တာ အရမ်းလှတယ်။ တစ်ပုဒ်လုံး ကြိုက်ပါတယ်။

    ReplyDelete
  3. တဖက်ကမ်းရောက်ဖို့ .....
    လက်ပစ်ကူးတတ်ရင် ဖြစ်ပါတယ် ဆိုတဲ့ စိတ်နဲ့
    ပင်လယ်ဘေးအိပ်ခဲ့တာကြာပေါ့...........။

    ဒီအပိုဒ်လေးကို အကြိုက်ဆုံး။

    ReplyDelete