Thursday, July 3, 2008

ထန်းရေသမားရဲ့ မေတ္တာတော်


ရောက်ရာပေါက်ရာ
အညာပွဲဈေးမှာလို
အိုးတိုး အတနဲ့
တငေးထဲငေးနေမှတော့....။

အမြဲအလည်လွန်ခဲ့သူပဲ
အသည်း ပုလင်းကွဲစူးတာပေါ့..။

စီရင်ချက် က
ကြည်လင်မနက်မှ
အပီအပြင်လက်ပြ
ထီမထင်သက်မနဲ့
ဖရိုဖရဲဝိဥာဉ်ကို ခြေစုံပစ်တောင့်ထားခဲ့ရတာ
ငယ်ဖြူသာဆို ဆယ်ဝါဆိုရဲ့
ခပ်တည်တည်နဲ့ သီလပေးလို့ လဲ ရပြီ
ညီမလေးသိရဲ့လား..............။

ခုချိန်များ ဘိုကေကိုပြောင်အောင်ဖြီးလို့
မောင်ကြီးလာပြီ အင်းဟင်.. အင်းဟင်နဲ့
ခရုဖင်ရွှေ့သလို ပုခုန်းတွန့်ခေါင်းပု ဟန်တမျိုး စတိုင်ပေးလို့
ဘန်ကောက်ပုဆိုးလေး တရွှန်းရွှန်း
နှုတ်ခမ်းမွှေးကြီးတစမ်းစမ်း
ပိုးရပန်းရဖို့ကလဲ အချိန်မဟုတ်
စိန်ခလုတ်နဲ့တွေ့မှ ပုလင်းကွဲစတွေနဲ့အသည်း
ချင်းချင်းရဲသွားမယ်
သြော်..ငါ့နှယ် ခက်ပါပေါ့...............။


ငြိမ်းဇေဦး

No comments:

Post a Comment